မီဇိုရမ်မှာ ကြွက်များတိုးပွားပြီး ရောဂါသယ်ဆောင်တာကြောင့် သတိထားဖို့ ကျန်းမာရေးဌာနသတိပေး

(Below English Version)

၂၆၊ စက်တင်ဘာလ၊ ၂၀၂၅

Zalen

လတ်တလောမှာ မီဇိုရမ်ပြည်နယ်ထဲက နေရာအသီးသီးမှာ ဝါးပင်အသီးသီးတာကြောင့် ကြွက်များတိုးပွားလျက် ရှိပြီး အဆိုပါကြွက်များက လူသားများအတွက် ရောဂါသယ်ဆောင်နိုင်တာကြောင့် သတိထားကြဖို့ ကျန်းမာရေး ဌာနက သတိပေးထားပါတယ်။

လက်ရှိမှာ လုံးလေ (Lunglei)ခရိုင်ထဲက မာမ်သဲကျေးရွာ နဲ့ လုံရန်းကျေးရွာ၊ ဆဲရ်ချီပ့် (Serchhip) ခရိုင်ထဲက ခေါဘဲလ်ကျေးရွာ တို့ အပြင် နေရာအသီးသီးမှာ တောင်ယာစပါးများကို စတင်ဖျက်ဆီးနေပြီဖြစ်တာကြောင့် အဆိပ်များခတ်ပြီးရှင်းလင်းနေရ တယ်လို့သိရပါတယ်။

အဆိုပါကြွက်များက လူသားများအပေါ် ရောဂါများသယ်ဆောင်လာနိုင်ပြီး လူသားအပေါ်ကူးဆက်နိုင်ပုံတွေက တော့ ၊ ကြွက်အကိုက်ခံခြင်း၊ အခြစ်ခံခြင်း၊ ကြွက်ချီး၊ကြွက်သေး များကိုင်တွယ်ခြင်း၊ ကြွက်ပိုးများကို ရှုရှိုက်မိခြင်း၊ လက်များကို လက်ဗလာဖြင့်ကိုင်တွယ်ခြင်း၊ အိမ်မွေးတိရိစ္ဆာန် များထံက တစ်ဆင့်ကူးဆက်ခြင်း များ ဖြစ်ပေါ်နိုင်တယ်လို့သိရပါတယ်။

ကြွက်များထံကနေ ကူးစက်နိုင်တဲ့ရောဂါများကတော့ ပလိပ်ရောဂါ၊ ငှက်ဖျားရောဂါ၊ဦးနှောက် အမြှီးရောင်ရောဂါ ၊ အူရောင် ငန်းဖျားရောဂါ၊Salmonellosis ၊Lymphocytic choriomeningitis (LCM)၊ Leptospirosis နဲ့ Hymenolepiasis စတဲ့ရောဂါများကူးစက်နိုင်ပါတယ်။

အဆိုပါရောဂါများအတွက် ရှေ့ပြေးလက္ခဏာများဟာ အအေးမိခြင်း၊ ဖျားနာခြင်း၊ အာသီးရောင်ခြင်း၊ မောပန်း ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ အရိုးများရောင်ပြီး နာကျင်ခြင်း စတာတွေဖြစ်နိုင်ပါတယ်။

ဒီရှေ့ပြေးလက္ခဏာများ မိမိထံတွေ့ရှိပါက အသက်အတွက် အန္တရယ်ရှိနိုင်တာကြောင့် အမြန်ဆုံးဖြင့် ဆရာဝန် ထံ ပြသကြရန်တိုက်တွန်းထားပါတယ်။

ဒီလိုကိစ္စမျိုးကနေကာကွယ်နိုင်ဖို့ မိမိအိမ်နဲ့ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းလုပ်ဖို့၊ အမှိုက်များကို လက်လွယ် စပယ် မစွန့်ပစ်ကြဖို့ နဲ ကြွက်အရှင်ဖြစ်ဖြစ် အသေဖြစ်ဖြစ်တွေ့ရှိပါက လက်ဗလာဖြင့်မထိဖို့တိုက်တွန်း ထားပါတယ်။

သတင်း – Mickey

ဓါတ်ပုံ – လူမှုကွန်ယက်

Mizoram Health Department Issues Warning Over Rat Infestation and Disease Risks

September 26, 2025

Zalen

The Health Department of Mizoram has issued a public warning after a surge in the rat population across various parts of the state, following the seasonal bamboo flowering. Authorities cautioned that the rats could transmit diseases to humans.

Reports indicate that in villages such as Mamthe and Lorang in Lunglei district, and Khawbel in Serchhip district, as well as in other areas, rats have begun damaging paddy fields. Locals have started using poison to control the infestation.

Health officials explained that rats can spread diseases to humans through bites, scratches, contact with rat urine or droppings, inhalation of rat-borne pathogens, handling rats with bare hands, or via domestic animals.

Diseases potentially transmitted by rats include plague, typhus, meningitis, dysentery, salmonellosis, lymphocytic choriomeningitis (LCM), leptospirosis, and hymenolepiasis.

Early symptoms may include cold-like illness, fever, sore throat, fatigue, diarrhea, vomiting, and joint pain. Authorities urged residents to seek medical attention immediately if they experience these signs, as they could pose serious health risks.

To prevent infection, the Health Department advised maintaining cleanliness at home and in surrounding areas, avoiding careless disposal of garbage, and refraining from touching dead or live rats with bare hands.

Reporting by Mickey

Photo: Social Media

နောက်ဆုံးရသတင်းများ

ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင် ၁၇ ဦးကို ရွေးကောက်ပွဲ နှောင့်ယှက်မှုဖြင့် စစ်ကောင်စီက အမှုဖွင့်

စက်တင်ဘာ ၂၅၊ ၂၀၂၅ Zalen ချင်းပြည်ကောင်စီ (CC) အဖွဲ့ဝင် (၁၇) ဦးကို ရွေးကောက်ပွဲ နှောင့်ယှက်မှုဖြင့် စစ်ကောင်စီက အမှုဖွင့်ထားတယ်လို့ မနေ့ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ အမှုဖွင့်ခံရသူမှာ ဦးစိန်အောင်၊ ...

ဆက်ဖတ်ရန်