မီဇိုရမ်မှာ MDF ရဲ့ ဒုဥက္ကဋ္ဌ ကို အိန္ဒိယအာသံတပ်က ဖမ်းဆီး

၂၁၊ ဇူလိုင်၊ ၂၀၂၅

Zalen

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဆိုက်ဟားခရိုင်၊ Tipa ရွာမှာ ဇူလိုင် ၁၇ ရက်နေ့က မရာကာကွယ်ရေးတပ်ဖွဲ့ MDF ရဲ့ ဒုတိယ ဥက္ကဋ္ဌကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေနဲ့အတူ အိန္ဒိယအာသံတပ်နဲ့ မီဇိုရမ် ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့‌တယ်လို့ သိရပါတယ်။

MDF ရဲ့ ဒု ဥက္ကဋ္ဌက NB Sila ၊ Tipa ရွာသားဖြစ်တဲ့ အသက် ၂၀ အရွယ် B Songa နဲ့ ဆိုက်ဟားမြို့ခံ Pu FC Laicho တို့ကို ဖမ်းဆီးခဲ့တာလို့ ဒေသအခြေစိုက် သတင်းတွေက ဆိုပါတယ်။

” ဒီဘက်က နှစ်ဦးနဲ့ MDF ရဲ့ ဒု ဥက္ကဋ္ဌ နဲ့ဆို သုံးဦးပေါ့၊ အဖမ်းခံရတာ။ ကားကို တားပြီး ဖမ်းတယ်တာ၊လက်နက်တွေဘာတွေတော့ မပါဘူး။ ကျည်ကာဦးထုတ်တို့ အင်္ကျီတွေပဲ ပါတာ။ ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကားပေါ်မှာ ကျည်ကာအင်္ကျီ‌တွေ၊ ကျည်ကာဦးထုပ်တွေ နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

သတင်းပေးတိုင်တန်းမှုကြောင့် အခုလို ဖမ်းဆီးခံရတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Rosy

နောက်ဆုံးရသတင်းများ

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၀ဉ (ဖျံဉ) စိုက်ခင်း မြေပြို၊ စပါး ၊ပဲ၊ပြောင်းတွေလည်း ပိုးစားလို့ အပင်များ သေဆုံး

(Below English Version) စက်တင်ဘာ ၄၊၂၀၂၅ Zalen မင်းတပ်မြို့နယ်၊ တိုက်နယ် အမှတ် ၁၂ ဘက်ဒေသတွေမှာ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် တောင်သူတွေစိုက်ပျိုးထားတဲ့ ၀ဉ (‌ဖျံဉ) စိုက်ခင်းတွေ မြေပြိုပျက်စီးပြီး စပါး ၊ ...

ဆက်ဖတ်ရန်