မီဇိုးရမ် နဲ့ အာသံပြည်နယ်ကြား နယ်နမိတ်ပြဿနာကြောင့် အာသံဘက်ကလမ်းတွေပိတ်ထားလို့ မဏီပူရ်ဘက်မှ ကုန်စည်တွေတင်သွင်းမယ်

အိန္ဒိယ နိုင်ငံ မီဇိုးရမ်ပြည်နယ် နဲ့ အာသံပြည်နယ်ကြား နယ်နမိတ်ပြဿနာဖြစ်ပွားခဲ့တာကြောင့် မီဇိုးရမ်ရဲ့အဓိကကုန်စည်တင်သွင်းတဲ့လမ်းကို အာသံဘက်ကပိတ်ထားလို့ မဏီပူရ်ပြည်နယ်ဘက်မှကုန်စည်တင်သွင်းဖို့ ဒီကနေ့ ကုန်တင်ကားတွေစတင်ထွက်ခွာကြတယ်လို့ မီဇိုးရမ်ပြည်နယ်ပြန်၊ဆက်ရုံးကထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၀)ရက်နေ့တွင် အာသံပြည်နယ် ရဲတပ်ဖွဲ့နဲ့ သစ်တောဝန်ထမ်းတွေက မီဇိုးရမ်ပြည်နယ် Thinghlun ကျေးရွာက တောင်ယာတဲကိုမီးရှို့ပြီး ခြံကိုဖျက်စီးကြပါတယ်။ မီဇိုးရမ်ပြည်နယ်လူထုက မကျေမနပ်ဖြစ်လို့ ပြည်နယ် ၂ ခုကြားအခြေအနေတွေပိုမိုတင်းမာလာခဲ့ပါတယ်။ ဒါကြောင့် အာသံဘက်က မီဇိုးရမ်ပြည်နယ်ရဲ့ပြည်မဘက်မှအဓိကကုန်စည်တွေတင်သွင်းတဲ့လမ်းမကြီးကို ပိတ်ထားကြပါတယ်။

မီဇိုးရမ်ပြည်နယ် ထောက်ပံ့ရေးဝန်ကြီး ပူးကေလာလ်ရင်လျန်နာက “မီဇိုးရမ်အတွက်လိုအပ်တဲ့ကုန်စည်တွေတင်သွင်းတဲ့ လမ်းမကြီးကို အာသံနဲ့ နယ်နမိတ်ပြဿနာအမြဲတမ်းဖြစ်လို့ မီဇိုးရမ်ပြည်နယ်အစိုးရက တခြားနည်းလမ်းကိုစဉ်းစားပါတယ်။ ဒါကြောင့် မဏီပူရ်ဘက်ကနေ ဓာတ်ဆီနဲ့ gas သယ်ယူဖို့ ကုန်တင်ကားတွေစေလွတ်တာဖြစ်တယ်” လို့ မီဇီုးရမ်ပြည်နယ် ပြန်၊ဆက်ရုံးကဖော်ပြထားပါတယ်။

Zalen ad

ကုန်တင်ကားတွေကို ပြည်နယ်ထောက်ပံ့ရေးဝန်ကြီး၊ ပညာရေးဝန်ကြီးနဲ့ လွှတ်တော်အမတ် (MLA) နှစ်ဦးက လိုက်ပါနှုတ်ဆက်ကြပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ခါးကျီးပေါင်းကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူရ

မတ် ၂၃ ၊ ၂၀၂၆Zalen အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညှပ်တဲ့ ဝေဒနာပြင်းပြင်းထန်ထန် ခံစားခဲ့ရလို့ အရေးပေါ် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရတယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီခွဲစိတ်မှုကို ပြီးခဲ့တဲ့ မတ်လ ...

ဆက်ဖတ်ရန်