မုံရွာမြို့မှာ တရာခံမပေါ်ဘဲ သက်ကြီးပိုင်းများပျောက်ဆုံးမှုများဖြစ်ပွားနေ

မတ်  ၁၉၊  ၂၀၂၆။

Zalen

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ တရားခံမပေါ်ဘဲ သက်ကြီးပိုင်းများ ပျောက်ဆုံးမှု ဖြစ်ပွားနေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ ယမန်နေ့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မုံရွာမြို့နယ်မှာ ဒီနှစ် ၂၀၂၆ ခုနှစ်ဆန်းပိုင်းကနေ အသက် ၅၀နဲ့ ၆၀ ကြားလူကြီးများ ပျောက်ဆုံးမှု ဖြစ်ရပ် ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

Zalen ad

ယခုနှစ် ဇန်နဝါရီလအတွင်းက အသက် ၅၀ အရွယ် လင်းမယားနှစ်ဦးဟာ နာရေးတစ်ခုကို အိမ်စီးကားနဲ့ သွားရောက်ပြီးအပြန်တွင် အိမ်နဲ့ အဆက်အသွယ်ပျက်သွားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ အတွင်းကလည်း အသက် ၅၀ ခန့်ရှိ အမျိုးသား တစ်ဦးဟာ ကုန်ကြွေး သွားတောင်းမယ်လို့ပြောဆိုကာ တစ်ဦးတည်းကားနဲ့ ထွက်သွားခဲ့ပြီးနောက် ယနေ့ထိ အဆက်အသွယ်ပျက်တောက် ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အိမ်နဲ့ အဆက်အသွယ်ပျက်တောက် ပျောက်ဆုံးနေတဲ့ အသက် ၅၀ အမျိုးသားကို မိသားစုများက ဆက်သွယ်ရာမှာ ဖုန်းမှားနေတယ်လို့ပြောဆိုပြီး ဖုန်းပိတ်ထားကာ ယခုချိန်ထိ ဘယ်လိုမှ ဆက်သွယ်လို့မရလို့ မိသားစုများ စိုးရိမ်ပူပန်နေကြရတယ်လို့ဖော်ပြထားပါတယ်။

မုံရွာမြို့မှာ ၅နှစ်တာ အတွင်း ကလေးသူငယ်များနဲ့ လူကြီးများကို ဖမ်းဆီးပြီး သိန်းပေါင်းသောင်းဂဏန်းထိ ငွေညစ်တောင်ခံနေမှုဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

အဒီလိုဖြစ်ရပ်များအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြားမှာ အပြန်အလှန်စွပ်စွဲမှုများရှိနေပေမယ့် လက်ရှိအချိန်ထိ သက်သေအခိုင်အမာနဲ့ တရားခံကို ဖမ်းဆီးနိုင်တာမရှိသေးဘူးလို့ အဲဒီထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါ့ကြောင့် ဒေသခံများအနေနဲ့ သွားလာရာတွင် သတိပြုသွားလာကြပါရန်နဲ့ သံသယဖြစ်ဖွယ် အခြေအနေများကို မျှဝေသတိပေးကြရန် လည်း တိုက်တွန်းထားပါတယ်

သတင်း – မောင်ဗေဒါ

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ ထိုင်းကာကွယ် ရေးဦးစီးချုပ်တို့ တွေ့ဆုံ

မတ် ၁၉၊ ၂၀၂၆ Zalen အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ကာကွယ် ရေးဦးစီးချုပ် General Ukris Boontanondha တို့ မတ်လ ၁၈ ရက်နေ့ မနေ့က နေပြည် ...

ဆက်ဖတ်ရန်