မော်လိုက်မြို့နယ်နဲ့ မြို့ပေါ်တွေမှာ စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ ပိုမိုဆိုးရွားလာ

၁၃၊ နိုဝင်ဘာ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း မော်လိုက်မြိုပေါ်နဲ့ စစ်ကောင်စီထိန်းချူပ်ထားတဲ့ မြို့နယ်ဒေသတွေမှာ နိုဝင်ဘာ ၄ရက်နေ့ကနေစပြီး စစ်ကောင်စီ တပ်ဖွဲ့များက စစ်မှုထမ်းဖို့ ပေါ်တာဆွဲမှု ပိုမိုဆိုးရွာနေတယ်လို့ ဒေသခံများက ပြောပါတယ်။

“မော်လိုက်မြို့မှာ အရင်ကလည်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲခဲ့ဖူးတယ်။ သန်းခေါင်စာရင်း ကောက်ပြီးတဲ့ နောက်ပိုင်း ပိုဆိုးလာတယ်။ လူနေအိမ်ထဲထိအတင်းဝင်ဆွဲတယ်။ အိပ်ခန်းထိပါဝင်ဆွဲတာ။ ပြီးရင် ပိုက်ဆံ သိန်း ၁၃၀ နဲ့ ရွေးခိုင်းတယ်။ မရွေးနိုင်တဲ့လူငယ်တွေကို ကလေးမြို့ လေ့ကျင့်ရေး ၁၀ ကိုပို့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Zalen ad

အခုလို စစ်ကောင်စီတပ်များက အတင်း အဓမ္မ ပေါ်တာဆွဲနေတာကြောင့် ညမိုးချူပ်ရင် လမ်းမပေါ် မထွက်ဘဲ အိမ်ထဲမှာ နေကြရတာကြောင့် အိမ်ထဲထိ ဝင်ဆွဲနေကြတာပါ။ ဒါ့ပြင် အမြန်ယာဉ်၊မော်တော် တွေမှာ ပါလာတဲ့ အလုပ်သမားတွေလည်း အဆွဲခံနေရတယ်လို့ပြောပါတယ်။

စက်တင်ဘာလက လည်း မော်လိုက်မြို့မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲတာကြောင့် ဒေသခံ လူငယ် ၅၀ ထက်မနည်း ပါသွားတယ်လို့သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရန်နဲ့ အတုအယောင် လွှတ်တော်တွေကို ဆန့်ကျင်ရန် CNF တိုက်တွန်း

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ Zalen စစ်တပ်ကင်းရှင်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရန်နဲ့ အတုယောင် လွှတ်တော်တွေကို ဆန့်ကျင်ရန် ချင်းအမျိုးသားတပ်ဦး (CNF) က ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၉) နှစ်မြောက် ပြည့်မြောက်တဲ့ ယနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ၁၉၄၇ ...

ဆက်ဖတ်ရန်