မျိုးပွားကာလဖြစ်လို့ တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုဖို့ CDF-Thantlang အသိပေး

မတ် ၂ ၊ ၂၀၂၆

Zalen

Zalen ad

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ CDF-Thantlang ထိန်းချုပ်နယ်မြေအတွင်း တောရိုင်းတိရစ္ဆာန်များကို မျိုးပွား ကာလဖြစ်လို့ မသတ်ဖြတ်ကြဖို့ ထန်တလန်မြို့နယ်ကောင်စီ/ CDF-Thantlang က အသိပေးထုတ်ပြန်ထားပါ တယ်။

ထုတ်ပြန်ချက်ထဲမှာ လတ်တလောအချိန်ဟာ တောငှက်များ အသိုက်ဆောက်ချိန်နဲ့ မျိုးပွားချိန်ဖြစ်လို့ အသိုက် ဖျက်ဆီးခြင်း၊ ပစ်သတ်ခြင်း၊ ထောင်ခြောက်အမျိုးမျိုးဆင်ပြီးဖမ်းခြင်း များကို မတ်လ ၁ ရက်ကနေ မေလ ၃၁ ရက်နေ့အထိ လုံးဝမလုပ်ဖို့တားမြစ်ထားပါတယ်။

အလားတူ ဧပြီလ ၁ ရက်ကနေ ဇွန်လ ၃၀ ရက်နေ့အထိဟာ တောရိုင်းတိရစ္ဆာန်များ ကိုယ်ဝန်လွယ်ခြင်းနဲ့ မီးဖွား ချိန်ကာလဖြစ်လို့ အမဲလိုက်ခြင်း နဲ့ကျော့ကွင်းထောင်ခြင်းများမလုပ်ဖို့ တားမြစ်ထားပါတယ်။

ဒါ့ကြောင့် ထိန်းချုပ်နယ်မြေအတွင်းရှိပြည်သူများအနေဖြင့် သတ်မှတ်ကာလအတွင်း လေသေနတ်၊ အမဲလိုက် သေနတ် နဲ့ အခြားသော တိရိစ္ဆာန်ကိုဘေးပြုနိုင်တဲ့ပစ္စည်းများယူဆောင်ပြီး တောထွက်ခြင်းကိုရှောင်ကြည်ကြရန် အသိပေးထားပါတယ်။

သဘာဝတောရိုင်းတိရိစ္ဆများဘေးရန်ကနေကာကွယ်ဖို့ ထုတ်ပြန်ထားတာဖြစ်လို့ ပြည်သူများလိုက်နာကြရန်နဲ့ မလိုက်နာသူများကိုအရေးယူသွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း – Mickey

ဓာတ်ပုံ- လူမှုကွန်ယက်

#CDF-Thantlang #တောရိုင်းတိရစ္ဆာန်များ#Zalen

နောက်ဆုံးရသတင်းများ

ကလေးမြို့အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသား ၁‌၂ဦး ပြန်လွတ်လာ

မတ် ၂၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးပါ၀င်လာတယ်လို့ သိရပါတယ်။ ပြန်လွတ်လာသူတွေဟာ အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ လေးဦးနဲ့ အမျိုးသား ရှစ်ဦး စုစုပေါင်း ၁၂ ...

ဆက်ဖတ်ရန်