မြန်မာက ကျားဖြန့်တွေနှိမ်နင်းဖို့ အမေရိကန်အထူးတပ်ဖွဲ့ ဖွဲ့စည်း

နိုဝင်ဘာ ၁၃၊ ၂၀၂၅

Zalen

အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ မြန်မာနိုင်ငံအတွင်း အခြေပြုဆိုက်ဘာလိမ်လည်မှုလုပ်ငန်း ကျားဖြန့် နှိမ်နင်းဖို့ Scam Center Strike Force အထူးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၁၂ က ထုတ်ပြန်ပါတယ်။

လိမ်လည်မှုစင်တာတွေဟာ အမေရိကန်နိုင်ငံသားတွေ အပေါ် ကြီးမားတဲ့သက်ရောက်မှုကို သိရှိလာတာ‌ကြောင့် အခုလို အထူးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအထူးတပ်ဖွဲ့မှာ အမေရိကန် ရှေ့နေရုံး တရားရေးဌာနရဲ့ ရာဇဝတ်မှုဌာနခွဲ၊ ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို(FBI) နဲ့ အမေရိကန် လျှို့ဝှက်အေဂျင်စီ(USSS) တို့ ပါဝင်ပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတွေကို အဓိကထားပြီး အရှေ့တောင်အာရှရှိ အဆိုးရွားဆုံး လိမ်လည်မှုစင်တာတွေနဲ့ ကျားဖြန့်ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးတာ၊ ဖြိုခွင်းတာနဲ့ တရားစွဲဆိုတာတွေကို အဓိက လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

Scam Center Strike Force ဟာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး( OFAC)၊ နိုင်ငံခြားရေးဌာနနဲ့ တခြားအေဂျင်စီတွေနဲ့ ပူးပေါင်းပြီး အစိုးရအတွက် ရရှိနိုင်တဲ့ နည်းလမ်းအားလုံးကို အသုံးပြုကာ လိမ်လည်မှုစင်တာတွေကို ပိတ်ဆို့ သိမ်းဆည်းတာနဲ့ လူပုဂ္ဂိုလ်တွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုတာ၊ လိမ်လည်သူတွေကို အသုံးမပြုနိုင်ဖို့ အမေရိကန်အခြေခံအဆောက်အအုံတွေကို လုံခြုံအောင်ပြုလုပ်တာတွေကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုထားပါတယ်။

ဒါအပြင် ကျားဖြန့်ကိစ္စနဲ့ဆက်နွှယ်ပြီး မြန်မာနိုင်ငံက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ခေါင်းဆောင် လေးဦးနဲ့ ထိုင်းအခြေစိုက် Trans Asia နဲ့ Troth Star ကုမ္ပဏီပိုင် ထိုင်းနိုင်ငံသားတစ်ဦးကိုပါ ဒဏ်ခတ်အရေးယူလိုက်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၂ ရက်က ကြေညာထားပါတယ်။

အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (cyber scam) လုပ်နေတဲ့ စင်တာတွေကို အထောက်အပံ့ပေးနေလို့ အခုလို အရေးယူလိုက်တာလို့ ဆိုပါတယ်။

အများပြည်သူအားပညာပေးတာနဲ့ အလိမ်ခံရသူတွေကို တချို့ လျော်ကြေးငွေတွေ ပြန်လည်ပေးတာနဲ့ ပံ့ပိုးပေး ကာကွယ်တာတို့ လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံရှိ ရာဇဝတ်ကွန်ရက်တွေရဲ့ စုစုပေါင်းလည်ပတ်ငွေဟာ အမေရိကန်ဒေါ်လာဘီလျံနဲ့ချီရှိနေပြီး ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အမေရိကန်နိုင်ငံသားတွေဆီက ဘီလျံနဲ့ချီတဲ့ငွေတွေကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ လို့ လက်နက်ခဲယမ်းမျိုးစုံနဲ့ စစ်သား ၁၅ ဦးအရှင်ဖမ်းဆီးရမိ

နိုဝင်ဘာ ၁၃၊ ၂၀၂၅။ Zalen စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတိုက်ခိုက်ခံရလို့ စစ်ကြောင်းတစ်ခုလုံးပျက်ဆီးသွားပြီး လက်နက်၊ ခဲယမ်းမျိုးစုံနဲ့ စစ်သား ၁၅ဦး အရှင်ဖမ်းဆီးရမိတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ...

ဆက်ဖတ်ရန်