မြန်မာစစ်ရှောင် ၅,၀၀၀ ကျော် မဏိပူရ်ပြည်နယ်ကနေ နေရပ်ပြန်

ဇူလိုင် ၇ရက်၊ ၂၀၂၅။

Zalen

မဏိပူရ်ပြည်နယ် အိန္ဒိယ-မြန်မာနယ်စပ် ကမ်ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံတဲ့ မြန်မာစစ်ဘေးရှောင် ၅,၀၀၀ ကျော် နေရပ်ပြန်နေကြပြီလို့ အိန္ဒိယအစိုးရမှ ဇွန်လ ၂၉ရက်နေ့ကထုတ်ပြန်ချက်ကိုကိုးကားပြီး ဒေသတွင်းသတင်းများက ဖော်ပြထားပါတယ်။

မြန်မာစစ်ဘေးရှောင်များဟာ ကမ်ဂျွန်ခရိုင် အိန္ဒိယ-မြန်မာနယ်စပ် နာဂ ကျေးရွာများဖြစ်တဲ့ Namli, Wangli, K Ashang Khullen, Choro, Pilong, Phaikok, Huimin Thana, Shangkalok, Makan, Punamram, Kangum, စတဲ့ ကျေးရွာတွေမှာ စစ်ဘေးခိုလှုံနေကြတာဖြစ်ပါတယ်။

Zalen ad

အိန္ဒိယအစိုးရရဲ့ ထုတ်ပြန်ချက်အရ ယခုအခါ ဒေသမှာ အခြေနေကောင်းမွန်လာတာကြောင့် မြန်မာစစ်ဘေးရှောင် ၅,၀၀၀ကျော်ဟာ နေရပ်ကိုပြန်သွားကြပြီး လူဦးရေ ၂,၀၀၀ ကျော်သာ ကျန်ရှိတယ်လို့ ‌ဖော်ပြထားပါတယ်။

အဆိုပါ နယ်စပ်ဒေသမှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ရှောင်များဟာ လယ်ယာစိုက်ပျိုးတဲ့ ရာသီဖြစ်တာကြောင့် ၎င်းတို့ဒေသက လယ်ယာများကိုသွားရောက်လုပ်ကိုင်နေကြပြီး ညနေပိုင်းတွေမှာ ခိုလှုံရာစစ်ရှောင်စခန်းကို ပြန်လာနေကြတာလို့ဆိုပါတယ်။

အိန္ဒိယအစိုးရက မြန်မာစစ်ရှောင်များအား ၅နှစ်အထက် လူဦးရေ ၆,၀၀၀ ကျော်ရဲ့ ဇီဝဆိုင်ရာ အချက်အလက်များကို ကောက်ယူထားပြီး စစ်ဘေးရှောင်အထောက်ထားကဒ်များကိုလည်း ထုတ်ပေးခဲ့တယ်လို့ သတင်းများက ဆိုပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ မြန်မာစစ်ရှောင်များ ရှိနေစဉ်ကာလက စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ လိုအပ်တဲ့ ထောက်ပံ့ရေးပစ္စည်းများကိုထောက်ပံ့ကူညီခဲ့တယ်လို့ ဒေသသတင်းများကဖော်ပြထားပါတယ်။

တစ်ဖက်မှာ အိန္ဒိယ၊ မဏိပူရ်၊ ကမ်ဂျွန်ခရိုင်မှာ စစ်ဘေးခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်များဟာ ၂၀၂၄ခုနှစ် မေလက နာဂလက်နက်ကိုင်များ ရဲ့ မတရားဖိနှိမ့်မှုကြောင့် လူဦးရေ ၁,၅၀၀ ကျော် နေရပ်ပြန်ရသလို ၂၀၂၄ခုနှစ် ဒီဇင်ဘာလကလည်း ဒေသအာဏာပိုင်းများက မြန်မာစစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ ကျော်ကို အတင်းအကြပ်နေရပ်ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနယ်စပ် တမူးကဘော်ဒေသက ဒေသခံပြည်သူများဟာ မဏိပူရ်ပြည်နယ် တင်နိုပယ်ခရိုင်၊ ချန်ဒေခရိုင် နဲ့ ကမ်ဂျွန်ခရိုင်ရှိ ဒေသအသီးသီးမှာ စစ်ဘေးခိုလှုံနေကြတာဖြစ်ပါတယ်။

သတင်း – စနေသား

ပုံစာ – မြန်မာစစ်ဘေးဒုက္ခသည်များအားတွေ့ရစဉ်

ဓာတ်ပုံ – ဒေသခံများ

နောက်ဆုံးရသတင်းများ

လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမည့် ဝေဟင် ကင်းထောက် စနစ် စတင်အသုံးပြုနိုင်ပြီ

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၆ Zalen မြန်မာနိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှု အန္တရာယ်တွေက ကြိုတင်ကာကွယ်နိုင်ရေးအတွက် လေယာဉ်ဖြတ်သန်းမှုရှိပါက ဖုန်းမှာ အလိုအလျောက် Alarm မြည်ပေးမည့် “Waihin Scout” သတိပေးစနစ်ကို Waihin Scout channelမှ လူငယ်ကင်းထောက်အဖွဲ့က ...

ဆက်ဖတ်ရန်