မြန်မာနိုင်ငံက လူဦးရေ ၁၆ သန်းကျော် လူသားချင်းစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ်နေဆဲ

မတ် ၂၈၊ ၂၀၂၆

Zalen

Zalen ad

မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့နဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာဟာ လက်ရှိမှာ တစ်နှစ်ပြည့်သွားပေမယ့် နိုင်ငံထဲက လူပေါင်း ၁၆ သန်းကျော်ဟာ လူသားချင်းစာနာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကလေး သူငယ်ဆိုင်ရာအကူအညီပေးရေး၊ ကုလသမဂ္ဂကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ပါတယ်။

နိုင်ငံတ၀န်းက လူပေါင်း ၁၆ ဒသမ ၂ သန်းခန့်ဟာ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ အခြေခံလိုအပ်ချက်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။

ဒီအထဲမှာ ကလေးငယ် ၄.၉ သန်း ပါဝင်နေပြီး အကူအညီတွေ လူပေါင်းသန်းနဲ့ချီလိုအပ်နေပေမယ့် ကူညီဖို့ ရန်ပုံငွေတွေကတော့ အလွန်နည်းနေသေးတယ်လို့ UNICEF က ဆိုပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ခန့်က လှုပ်ခတ်သွားခဲ့တဲ့ ပြင်းအား ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးဟာ လူပေါင်း ၃,၈၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီး နေအိမ်တွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ အများကြီး ပြိုကျပျက်စီးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ယူနီဆက်ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကလေးငယ် ၂.၁ သန်း အပါအဝင် လူဦးရေ ၄.၆ သန်းကို အသက်ကယ်ဆယ်ရေး အကူအညီတွေ ပေးနိုင်ခဲ့ပေမယ့် လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ‌ဖော်ပြပါတယ်။

ငလျင်ကြီးရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ခဏခဏ လှုပ်နေသလို၊ စိတ်ပိုင်းဆိုင်ရာ ထိတ်လန့်မှုတွေကလည်း အခုထိ ရှိနေဆဲပါ။

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က မြန်မာစံတော်ချိန် ည ၇ နာရီခွဲကျော်အချိန်မှာ မန္တလေးမြို့အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ နေအိမ်အပြင်ဘက်တွေကို ထွက်ပြေးခဲ့ကြရပါတယ်။

ဒါအပြင် လက်ရှိကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဖြစ်ပေါ်လာတဲ ထပ်ဆင့်ရိုက်ခတ်မှုတွေဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာမလုံခြုံမှု အခြေအနေကို ပိုမိုဆိုးရွားစေမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားပါတယ်။

Mary

ဓာတ်ပုံ-လူမှုကွန်ယက်

#WFP#ငလျင်#UNICEF#Zalen

နောက်ဆုံးရသတင်းများ

AI (ChatGPT) တွေက မှားနိုင်တယ်လို့ ဂျာမန်သုတေသီတဦးပြော

မတ် ၂၇၊ ၂၀၂၆။ Zalen ဂျာမန်သုတေသီတဦးရဲ့ စမ်းသပ်ချက်အရ ChatGPT လို AI မော်ဒယ်တွေဟာ အဓိပ္ပါယ်မရှိတဲ့ စာသားတွေကိုတောင် စာပေအရည်အသွေးကောင်းတယ်လို့ သတ်မှတ်နိုင်ခြေရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒီတွေ့ရှိချက်က AI ကို အပြည့်အဝ ယုံကြည်အသုံးပြုမှုအပေါ် ...

ဆက်ဖတ်ရန်