နို၀င်ဘာ ၁၈၊ ၂၀၂၅
Zalen
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင် ၄၁၀,၀၀၀ ဟာ ပြင်းထန်အာဟာရချို့တဲ့မှုကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၇ ရက်က ထုတ်ပြန်ချက်မှာ အခုနှစ် ၂၀၂၅ နှစ်လယ်ပိုင်း ကနေ လာမယ့် ၂၀၂၆ မေလအတွင်း ပြင်းထန်အာဟာရချို့တဲ့တာကို ကြုံလာရနိုင်ပြီးခိုင်မာတဲ့ အာဟာရနဲ့ လူသားစာနာအထောက်အပံ့တွေ ချက်ချင်းလိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။
မြန်မာတစ်နိုင်ငံလုံးအနေနဲ့ ဆာလောင်မွတ်သိပ်မှုအခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းတဲ့အဆင့်သတ်မှတ်ချက်ဝင် ၆ နိုင်ငံထဲက တစ်နိုင်ငံဖြစ်လာတယ်လို့ UNOCHA က ပြောထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်တေဲ့ ပဋိပက္ခတွေ၊ စီးပွားရေးကျဆင်းမှုနဲ့ သဘာဝဘေး ရေကြီးရေလျှံမှုတွေကြောင့် မြန်မာက အစာရေစာမလုံလောက်မှုအန္တရာယ်ပိုမြင့်မားလာစေလိမ့် မယ်လို့ UNOCHA က ဆိုပါတယ်။
၂၀၂၅ စက်တင်ဘာကနေ အောက်တိုဘာအထိ ခန့်မှန်းချက်ရ လူ ၁၁ ဒသမ ၈ သန်းဟာ လုံလုံ လောက်လောက်မစားနိုင်ကြတော့ပဲ လူ ၁ သန်းဟာ အရေးပေါ်အခြေအနေကို ရောက်နေကြပြီလို့ ပြောထားပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအတွက် လူသားစာနာအကူအညီရရှိမှုတွေဟာလည်း တဟုန်ထိုးကျဆင်းနေပြီး လိုအပ်တဲ့ရန်ပုံငွေရဲ့ ၁၅ ရာခိုင်နှုန်းပဲ ရရှိနေတယ်လို့ UNOCHA က ထောက်ပြထားပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ FAP တို့ရဲ့ နိုဝင်ဘာ ၁၁ ရက်က ပူးပေါင်းထုတ်ပြန်ချက်ထဲမှာ မြန်မာဟာ အစာရေစာမလုံလောက်မှုကြုံနေရတဲ့ နိုင်ငံ ၁၆ နိုင်ငံထဲမှာ အဆိုးရွားဆုံးအဆင့်ထဲ ပါနေပြီလို့ ဖော်ပြပါတယ်။
Helen


















