မြန်မာအတွက် ဒေါ်လာ ၁၂၁ သန်းပေးမယ့် ဥပဒေကြမ်း အမေရိကန်လွှတ်တော် အတည်ပြု

ဇန်နဝါရီ ၁၆၊ ၂၀၂၆

Zalen

မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်းကူညီပေးမယ့် အစီအစဉ်ပါ၀င်တဲ့ အမေရိကန်နိုင်ငံရဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားသောဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က အောက်လွှတ်တော်မှာ မဲခွဲရာ ထောက်ခံမဲ ၃၄၁ မဲ၊ ကန့်ကွက်မဲ ၇၉ မဲနဲ့ အတည်ပြုလိုက်တာလို့ အမေရိကန် အောက်လွှတ် တော်က ထုတ်ပြန်ပါတယ်။

Zalen ad

အမေရိကန်ရဲ့ အမျိုးသားစီးပွားရေး ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ခေါင်းစဉ်အောက်မှာ ခွင့်ပြုထားတဲ့ ရန်ပုံငွေတွေထဲက အနည်းဆုံး ဒေါ်လာ ၁၂၁ သန်းကို မြန်မာနိုင်ငံအတွက် အကူအညီများ ရရှိနိုင်ရမှာ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၂၁ သန်းဟာ ထိုင်းနဲ့ အိန္ဒိယတို့အတွက် နယ်စပ်ဖြတ်ကျော် ကူညီထောက်ပံ့မှုတွေ၊ လူသေစေနိုင်တဲ့ လက်နက်မဟုတ်တဲ့ အကူအညီ တွေ၊ သင်တန်း‌တွေ၊ ဒေသန္တရ အုပ်ချုပ်ရေးနဲ့ ဖက်ဒရယ်အရေး၊ အကြမ်းဖက်မှုတွေအတွက် သက်သေစုဆောင်းတာ၊ ရိုဟင်ဂျာများအပေါ် ကျုးလွန်မှုနဲ့ပတ်သက်ပြီး တရားမျှတမှုနဲ့ တာဝန်ခံမှုရှိစေရေး၊ နိုင်ငံရေးအကျဉ်းသားတွေ ကူညီရေးစတဲ့ ကိစ္စရပ်တွေအတွက် အသုံးပြုဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းဟာ စီးပွားရေးတိုးတက်မှု၊ စွန့်ဦးတီထွင်မှုမြှင့်တင်ဖို့၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဌာနခွဲတွေကို ပံ့ပိုးရေးနဲ့ ပြည်တွင်းပြည်ပမှာ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ လွတ်လပ်ခွင့်အား ကာကွယ်ရေး ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ညှိနှိုင်းပြီးနောက် သမ္မတထရမ့် လက်မှတ်ထိုးမှသာ အတည်ဖြစ်မှာဖြစ်ပြီး အကောင်အထည်ဖော်ရေးအတွက် အဆင့်များစွာ လုပ်ဆောင်ဖို့ ကျန်သေးတယ်လို့ သိရပါတယ်။

အမေရိကန်ရဲ့ မူဝါဒရပ်တည်ချက်ဟာ ဆင်ခြင်တုံတရားရှိတဲ့ အုပ်ချုပ်မှုနဲ့ အမေရိကန်ရဲ့ခွန်အားကို ပြန်လည်ရရှိစေရေး၊ ဘေးကင်းရေး၊ လွတ်လပ်မှုနဲ့ နိုင်ငံအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်ကို ဦးစားပေးဖို့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ချိန်ညှိနေတယ်လို့ ပြောထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်