မှတ်ပုံတင်ထားသော အွန်လိုင်းချင်းမီဒီယာလည်းCMN အဖွဲ့ဝင်အဖြစ်လက်ခံမယ်

သတင်းထုတ်ဝေတဲ့ ချင်းမီဒီယာများသာမက အစိုးရထံမှတ်ပုံတင်ထားတဲ့ အွန်လိုင်းအခြေပြုချင်းမီဒီယာများလည်း ချင်းမီဒီယာကွန်ယက်(CMN)အဖွဲ့ဝင်အဖြစ်လက်ခံမယ်လို့  ခုနှစ်ကြိမ်မြောက် CMN နှစ်ပတ်လည်အစည်းအဝေးတွင်ဆုံးဖြတ်ထားပါတယ်။

ခုနှစ်ကြိမ်မြောက် CMN နှစ်ပတ်လည်အစည်းအဝေးကို ကလေးမြို့ GBH ဟိုတယ်တွင် သြဂုတ်လ (၇)ရက်မှ (၉)ရက်ထိကျင်းပတယ်။

အွန်လိုင်းပေါ်မှာ ပြည်တွင်းပြည်ပမှာရှိတဲ့ ချင်းလူငယ်တွေက page, group နဲ့ website တွေတည်ထောင်ပြီး သတင်းများရေးသားဖြန့်ဝေနေသူ အများအပြားရှိပါတယ်။

လက်ရှိ ချင်းမီဒီယာကွန်ယက်မှာ အဖွဲ့ဝင် မီဒီယာတိုက်(၁၈)ခုရှိပါတယ်။ ဒါပေမယ့် ခုချိန်မှာ ထုတ်လုပ်မှုနဲ့လှုပ်ရှားမှုမရှိတော့တဲ့ Tahan Times, Chin Times တို့ကို ပြန်လည်စိစစ်ပြီး အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းထားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်