ရိနယ်စပ်ဂိတ်တွင် (၉)ရက်ကြာ Corona Virus စစ်ဆေးရာ သံသယလူနာမတွေ့ရှိသေး

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်နယ်စပ်ဂိတ်တွင် (၉)ရက်ကြာ ကိုရိုနာကူးစက်ရောဂါရှာဖွေစစ်ဆေးပေမယ့် အခုထိ သံသယလူနာမတွေ့ရှိသေးဘူးလို့ ရိခေါ်ဒါရ်ကျန်းမာရေးဝန်ထမ်းတွေထံမှသတင်းရရှိပါတယ်။

မြန်မာဘက်ခြမ်း ရိနယ်စပ်ဂိတ်အဝင်ပေါက်တွင် ကျန်းမာရေးဝန်ထမ်းတွေက နေ့စဉ် မနက် (၈)နာရီမှ ညနေ (၄)နာရီအထိ ရောဂါစစ်ဆေးလျက်ရှိပါတယ်။

ရိခေါ်ဒါရ်မြို့ အထက်တန်းသူနာပြုဆရာမ ဒေါ်တင်တင်လှ က “ခုထိတော့ ကိုရိုနာကူးစက်ရောဂါ သံသယလူနာမတွေ့သေးဘူး။ ရောဂါစစ်ဆေးရင်းနဲ့ ဒီကူးစက်ရောဂါအကြောင်းအသိပညာပေးတွေလုပ်ပေးတယ်။ အခုစစ်ဆေးတာလည်း အထက်လူကြီးတွေညွှန်ကြားလို့လုပ်ရတာဆိုတော့ ဘယ်ချိန်ထိစစ်ဆေးဖို့ရက်သတ်မှတ်ချက်မရှိသေးဘူး” လို့ပြောပါတယ်။

ရိနယ်စပ်ဂိတ်တွင် ဇန်နဝါရီလ (၂၇)ရက်နေ့ကပြီး ကူးစက်ရောဂါရှာဖွေစစ်ဆေးခြင်းပြုလုပ်ပြီး ဖေဖော်ဝါရီလ (၆)ရက်နေ့အထိ ဂိတ်မှအဝင်အထွက်ခရီးသွားလူ (၈၄၁)ဦးကို စစ်ဆေးခဲ့ပါတယ်။

Zalen ad

ဖေဖော်ဝါရီလ (၇)ရက်ထိ ကိုရိုနာကူးစက်ရောဂါကြောင့် လူ (၆၃၆)ယောက်သေဆုံးပြီး ကူးစက်ခံလူနာ သုံးသောင်းကျော်ရှိပါပြီ။

(Zawgyi)

ရိနယ္စပ္ဂိတ္တြင္ (၉)ရက္ၾကာ Corona Virus စစ္ေဆးရာ သံသယလူနာမေတြ႕ရွိေသး

အိႏၵိယ-ျမန္မာနယ္စပ္ ရိေခၚဒါရ္နယ္စပ္ဂိတ္တြင္ (၉)ရက္ၾကာ ကို႐ိုနာကူးစက္ေရာဂါရွာေဖြစစ္ေဆးေပမယ့္ အခုထိ သံသယလူနာမေတြ႕ရွိေသးဘူးလို႔ ရိေခၚဒါရ္က်န္းမာေရးဝန္ထမ္းေတြထံမွသတင္းရရွိပါတယ္။

ျမန္မာဘက္ျခမ္း ရိနယ္စပ္ဂိတ္အဝင္ေပါက္တြင္ က်န္းမာေရးဝန္ထမ္းေတြက ေန႔စဥ္ မနက္ (၈)နာရီမွ ညေန (၄)နာရီအထိ ေရာဂါစစ္ေဆးလ်က္ရွိပါတယ္။

ရိေခၚဒါရ္ၿမိဳ႕ အထက္တန္းသူနာျပဳဆရာမ ေဒၚတင္တင္လွ က “ခုထိေတာ့ ကို႐ိုနာကူးစက္ေရာဂါ သံသယလူနာမေတြ႕ေသးဘူး။ ေရာဂါစစ္ေဆးရင္းနဲ႔ ဒီကူးစက္ေရာဂါအေၾကာင္းအသိပညာေပးေတြလုပ္ေပးတယ္။ အခုစစ္ေဆးတာလည္း အထက္လူႀကီးေတြၫႊန္ၾကားလို႔လုပ္ရတာဆိုေတာ့ ဘယ္ခ်ိန္ထိစစ္ေဆးဖို႔ရက္သတ္မွတ္ခ်က္မရွိေသးဘူး” လို႔ေျပာပါတယ္။

ရိနယ္စပ္ဂိတ္တြင္ ဇန္နဝါရီလ (၂၇)ရက္ေန႔ကၿပီး ကူးစက္ေရာဂါရွာေဖြစစ္ေဆးျခင္းျပဳလုပ္ၿပီး ေဖေဖာ္ဝါရီလ (၆)ရက္ေန႔အထိ ဂိတ္မွအဝင္အထြက္ခရီးသြားလူ (၈၄၁)ဦးကို စစ္ေဆးခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ (၇)ရက္ထိ ကို႐ိုနာကူးစက္ေရာဂါေၾကာင့္ လူ (၆၃၆)ေယာက္ေသဆုံးၿပီး ကူးစက္ခံလူနာ သုံးေသာင္းေက်ာ္ရွိပါၿပီ။

နောက်ဆုံးရသတင်းများ

ဟားခါးမြို့ပြည်နယ်လွှတ်တော်အစည်းအဝေးကျင်းပတဲ့နေ့မှာပစ်ခတ်မှုဖြစ်ပွား

မတ် ၂၀ ၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှာ ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ကျင်းပတဲ့ဒီကနေ့ မနက်ပိုင်းမှာ CDF-Hakha နဲ့ စစ်ကောင်စီကြား နာရီဝတ်ခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဟားခါးမြို့ဒေသခံသတင်း အရင်းအမြစ်ထံကနေသိရပါတယ်။ စစ်ကောင်စီတပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ရွေးကောက်ခံခဲ့ကြတဲ့ အမတ်များဟာ ...

ဆက်ဖတ်ရန်