ရုရှား၊ တရုတ်နဲ့ အိန္ဒိယကို မြန်မာက ဗီဇာကင်းလွတ်ခွင့်ပေး

၁၃၊ ဒီဇင်ဘာ၊ ၂၀၂၃
မြန်မာနိုင်ငံကို လည်ပတ်မယ့် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံက ခရီးသွားတွေအတွက် ၂၀၂၄ ဇူလိုင်လအထိ ဗီဇာကင်းလွတ်ခွင့် ပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်မှာ ကြေညာထားပါတယ်။

သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ရုရှားနိုင်ငံသားတွေဟာ ဗီဇာကင်းလွတ်ခွင့်နဲ့ တစ်လ နေထိုင်ခွင့်ရမှာဖြစ်ပြီး အထူးကမ္ဘာ့လှည့်ဗီဇာနဲ့ ရုရှားနိုင်ငံသားတွေကတော့ တစ်လကနေ သုံးလအထိ ဗီဇာကင်းလွတ်ခွင့်နဲ့ မြန်မာနိုင်ငံမှာ နေထိုင်နိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သတ်မှတ်လိုက်တာပါ။

တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေက ခရီးသွားတွေကိုလည်း ဆိုက်ရောက်ဗီဇာပေးပြီး တစ်လနေထိုင်ခွင့်ပြုတယ်လို့ ဆိုပါတယ်။

ဗီယက်နမ်၊ စင်္ကာပူနိုင်ငံတွေက သာမန်နဲ့ သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို နေထိုင်ခွင့် တစ်လ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ လာအို၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံက သာမန်နဲ့ သံတမန် နိုင်ငံကူးလက်မှတ် ရှိသူတွေကိုလည်း နေထိုင်ခွင့် နှစ်ပတ် ရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ခွင့်ပြုထားပါတယ်။

Zalen ad

HeiSok Khai

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ ဧပြီ ၁ မှာ စတင်မည့် ၂၀၂၆ အခွန်ဥပဒေသစ်၊ စီးကရက်၊ အရက်နဲ့ ဘီယာများအပေါ် အခွန်တိုး

မတ် ၁၆၊ ၂၀၂၆။ Zalen နိုင်ငံအတွင်း ကုန်သွယ်ရေးလုပ်ငန်းများကို စနစ်တကျ ထိန်းညှိနိုင်ရန်နှင့် အခွန်ကောက်ခံမှုစနစ်ကို တိုးတက်ကောင်းမွန်စေရန်အတွက် “၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ” ကို အတည်ပြုပြဋ္ဌာန်းလိုက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းစာမှထုတ်ပြန်ထားပါတယ်။ အဆိုပါဥပဒေကို ၂၀၂၆ ...

ဆက်ဖတ်ရန်