ရေကြောင်းလမ်းပိတ်လို့ ပလက်ဝမြို့တွင် ဆန်တစ်အိတ်ကို ၁ သိန်းပေးဝယ်ရန်တောင် ဆန်မရှိဖြစ်နေ

ဇူလိုင်လကုန်ပိုင်းက စပြီး AA နဲ့ စစ်တပ်အကြား ပလက်ဝမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ကုန်စည်စီးဆင်းမှု ပုံမှန်မရှိတော့တာကြောင့် ပလက်ဝမြို့တွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်နေပါတယ်။

ပလက်ဝမြို့ပေါ်တွင် အခြားနေရာက တင်သွင်းရသော ကုန်ပစ္စည်းအားလုံးနီးပါး ပြတ်လပ်နေပြီး ဒေသတွင်း ထွက် စိုက်ပျိုးသီးနှံများကိုသာ လှည့်ပတ်ဝယ်ယူစားသုံးနေကြကြောင်း ဆိုပါတယ်။

“ကျွန်မတို့ဆို နေ့တိုင်းလိုလို ချည်ပေါင်ဟင်းပဲ ချက်စားနေရတယ်။ ဒါတောင် ကျွန်မတို့က ဝန်ထမ်းတွေ၊ ကိုယ့်မှာ ငွေရှိရင်တောင်မှ ဝယ်ချင်တာ ဝယ်လိုမရတော့ဘူး။ ဆန်တစ်အိတ်ကို ၁ သိန်းပေးဝယ်မယ်လို့ လိုက်ရှာလည်း မရတော့ဘူး။ အခြားကုန်ပစ္စည်းတွေ အများစုကလည်း ဒီလိုပဲ ဝယ်လို မရဖြစ်နေပြီ” ဟု ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

ပလက်ဝမြို့ပေါ်တွင် စစ်ကောင်စီက ဆန်တစ်အိတ်ကို ၆၀၀၀၀ ကျပ်ထက် ပိုမရောင်းရဟု သတ်မှတ်ထားသော်လည်း ခုတော့ ဆန်တစ်အိတ်ကို ၁ သိန်းပေးဝယ်တာတောင် မရတော့ကြောင်း ဆိုပါတယ်။ ပလက်ဝ-ကျောက်တော်ရေကြောင်းဟာ ပလက်ဝမြို့အတွက် အဓိကလိုအပ်နေသော အခြေခံစားသောက်ကုန်ကို တင်သွင်းပေးသော ရေကြောင်းလမ်းဖြစ်သော်လည်း ဒီရေကြောင်းလမ်းကို စစ်ကောင်စီက ဩဂုတ်လ ၁ ရက်နေ့ကစပြီး ပိတ်လိုက်ပြီး ခုချိန်အထိ ပြန်လည်ဖွင့်လှစ်ခြင်းမရှိသောကြောင့် ပလက်ဝမြို့တွင် ခုလို အခြေခံစားသောက်ကုန်များ ပြတ်လပ်နေတာဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

၂၀၂၀ မဲစာရင်းရလဒ်မှန်ကန်မှုမရှိဘူးလို့ဆိုတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၀ ရွေးကောက်ပွဲ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီး

ဖေဖော်ဝါရီ ၇ ၊ ၂၀၂၆။ Zalen အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ၂၀၂၀ ခုနှစ်တုန်းကအသုံးပြုခဲ့တဲ့ ရွေးကောက်ပွဲစာရွက်စာတမ်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကာလကျော်လွန်ပြီလို့ဆိုကာ ၂၀၂၀ ...

ဆက်ဖတ်ရန်