ရွေးကောက်ပွဲလုပ်မယ့်လို့ ကြေညာထားတဲ့ ဖလမ်း၊ တွန်းဇံနဲ့ ထန်တလန်တို့ အပိုင်း ၃ မှာ မပါ၀င်

ဒီဇင်ဘာ ၂၇၊ ၂၀၂၅

Zalen

စစ်ကောင်စီက ရွေးကောက်ပွဲအတွက် အပိုင်း ၃ ကို ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်တဲ့ စာရင်းအရ ချင်းပြည်နယ်က ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတဲ့ ဖလမ်း၊ တွန်းဇံနဲ့ ထန်တလန်မြို့တွေ ပါ၀င်လာတာ မရှိ‌ပါဘူး။

ချင်းပြည်နယ် က မြို့နယ် ၅ မြို့နယ်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီက ကြေညာထားပြီး တီးတိန်နဲ့ ဟားခါးမြို့ဟာ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါ၀င်နေပါတယ်။

ဖလမ်းမြို့ဟာ ချင်းညီနောင်တပ်ဖွဲ့က သိမ်းပိုက်ထားတဲ့မြို့ဖြစ်ပြီး စစ်ကောင်စီတပ်က မြို့ကို ပြန်ရရေးနဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် နို၀င်ဘာလကတည်းက ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တွန်းဇံမြို့ဟာလည်း CDF တွန်းဇံက သိမ်းပိုက်ထားသလို ပြည်သူ့အုပ်ချုပ်ရေးလည်ပတ် နေတဲ့မြို့ဖြစ်ပြီး ထန်တလန်မြို့မှာတော့ စစ်ကောင်စီတပ်သားတွေသာ နေရာယူတပ်စွဲထားတာပါ။

လာမယ့် ၂၈ ရက်မှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်ထားတဲ့ နှစ်ရက်အလိုမှာ ဟားခါးမြို့က စစ်ကောင်စီဗျူဟာကုန်း ခလရ ၂၆၆ တပ်ရင်းကို ချင်းတော်လှန်ရေးတပ်တွေက ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေပါတယ်။

တီးတိန်မြို့မှာလည်း မြို့ပေါ်နဲ့ ဒေသတွင်း ပြည်သူတွေ ဘေးကင်းလုံခြုံရေးအတွက် ဒီနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ကနေ စစ်ကောင်စီရွေးကောက်ပွဲလုပ်မယ့် ၂၈ ရက်အထိ ခရီးသွားလာတာကို တားမြစ်တယ်လို့ PDF Zoland က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ချင်းပြည်နယ်မှာလည်း ရွေးကောက်ပွဲလုံး၀ ဖြစ်နိုင်ခြေမရှိဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

ရွေးကောက်ပွဲမှာ ချင်းပြည်နယ်က လွှတ်တော် ၃ ရပ်အတွက် စုစုပေါင်းကိုယ်စားလှယ် နေရာ ၂၈ နေရာကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီ၊ ဇိုမီးအမျိုးသားပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ခူမီးအမျိုးသားပါတီ တို့မှ ကိုယ်စားလှယ်လောင်း ၈၃ ဦးက ယှဉ်ပြိုင် အရွေးခံကြမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ ၁၀၂ မြို့နယ်၊ အပိုင်း ၂ ကို ၂၀၂၆ ဇန်နဝါရီလ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ ဇန်နဝါရီ ၂၅ ရက်မှာ ရွေးကောက်ပွဲအပိုင်း ၃ ကို ၆၃ မြို့နယ်မှာ လုပ်မယ်လို့ UEC က ကြေညာထားပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကလေးမြောက်ပိုင်း ကလေး-တမူးကြား ၅၆မိုင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွား

ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ ဒီဇင်ဘာလ ၂၇ရက်ယနေ့ မနက် ၅နာရီခန့်က ကလေးမြို့နယ် တော်လှန်ရေးအင်အားစုများက ကလေးမြောက်ပိုင်း ကလေး-တမူးလမ်းက ၅၆ ...

ဆက်ဖတ်ရန်