ရွေးကောက်ပွဲ ဝေဖန်တဲ့စာကို react ပေးယုံနဲ့ အရေးယူခံထားရသူ ၈၈ ဦးရှိလာ

နို၀င်ဘာ ၁၊ ၂၀၂၅

Zalen

စစ်ကောင်စီ ရွေးကောက်ပွဲကို ဝေဖန်လို့ ရွေး ကောက်ပွဲ ကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီး အရေးယူခံထားရသူ ၈၈ ဦး ရှိလာနေပြီလို့ စစ်ကောင်စီက ပြောပါတယ်။

သူတို့ဟာ အထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက် ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေ စတင်ပြဌာန်းချိန်ကနေ အောက်တိုဘာ ၂၉ ရက်အထိ ဖမ်းဆီးခံရသူတွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

Zalen ad

အောက်တိုဘာ ၃၁ ရက်က နေပြည်တော်မှာလုပ်တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ အခုလို ပြောတာပါ။

ရွေးကောက်ပွဲကို ဝေဖန်တာ၊ လူမှုကွန်ရက်မှာ ရေးသားတးထားတဲ့ ပို့စ်တွေကို react ပေးရုံနဲ့ ဖမ်းဆီးအရေးယူတာတွေရှိနေပြီး အရေးယူထားတဲ့အထဲမှာ အမျိုးသား ၈၃ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ပါဝင်ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့က စစ်တပ်ရဲ့ ရွေးကောက်ပွဲဝါဒဖြန့်တဲ့ ဇာတ်ကားကို ဝေဖန်ခဲ့တဲ့ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။

ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်ကားနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဆန့်ကျင်ရေးသားချက်တွေကို ထောက်ခံအားပေးတယ်ဆိုပြီး ရုပ်ရှင်ဒါရိုက်တာ သက်လွင်(ခ) ဇမ္ဗူထွန်းသက်လွင်နဲ့ အောင်ချမ်းလူ(ခ)အေးချမ်းအောင်တို့ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ထုတ်ပြန်ပြဌာန်းခဲ့တာဖြစ်ပါတယ်။

Helen

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်