လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ဦးသေဆုံး၊၅ဦးဒဏ်ရာရ

၂၃၊ဇွန်၊၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်အနောက်မြောက်ပိုင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရတယ်လို့သိရပါတယ်။

ယမန်နေ့ ဇွန်လ ၂၂ရက်နေ့မှာ ကလေးမြို့နယ်အနောက်မြောက်ပိုင်းမှာ ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာများကိုလည်း လက်နက်ကြီးပစ်ခတ်ခဲ့ပြီး မောက်လင်းရွာမှတစ်ဦးသေဆုံးကာ လက်ပံချောင်းရွာမှ ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Zalen ad

“လက်နက်ကြီးကမောက်လင်းရွာနဲ့လက်ပံချောင်းမှာကျတာ။ဆုံးသွားတာကတော့ ဆေးရုံရောက်မှဆုံးသွားတာပါ။ဒဏ်ရာရ ၅ယောက်ထဲမှာ တယောက်ကတော့စိုးရိမ်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနယ်အနောက်မြောက်ပိုင်းမှာအရပ်သားသေဆုံးသူမှု ၁၅ဦးထက်မနည်းရှိတယ်လို့ဒေသခံများထံကသိရပါတယ်။

HAK

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်