လက်နက်ရောင်းဝယ်မှု မပြုလုပ်ရေး အမေရိကန်၏ သတိပေးတဲ့ကြားက ရုရှားသို့ ကင်မ်ဂျုံအန်ရောက်ရှိ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ဟာ ရုရှားနိုင်ငံကို ရောက်နေပြီလို့ ဂျပန်သတင်းဌာနများ၏ ဒီနေ့ စက်တင်ဘာ ၁၂ ရက်တွင် ရေးသားဖော်ပြချက်အရ သိရတယ်။

အမေရိကန်ကတော့ မြောက်ကိုရီးယားနှင့် ရုရှားအကြား လက်နက်​ရောင်းဝယ်မှု မပြုလုပ်ရန် သတိပေးချက်များ ပြုလုပ်ထားပေမယ့် ကရင်မလင်းရဲ့ ပြောဆိုချက်အရ နှစ်နိုင်ငံက ခေါင်းဆောင်များဟာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဟု ပြောပါတယ်။

ကင်မ်ဂျုံအန်ကတော့ မြောက်ကိုရီးယားကနေ ရုရှားနိုင်ငံကို ရထားဖြင့် သွားရောက်ခဲ့တာဖြစ်ပြီး သူနဲ့အတူ လက်နက်ကုမ္ပဏီအကြီးအကဲများ၊ စစ်တပ်အရာရှိကြီးများနှင့် နိုင်ငံခြားရေးဝန်ကြီးလည်း လိုက်ပါသွားခဲ့ပါတယ်။ ကင်မ်ဂျုံအန်ဟာ နိုင်ငံခြားခရီးစဉ် ထွက်ခဲပါတယ်။ သူကတော့ ခေါင်းဆောင်ဖြစ်လာပြီး ၁၂ နှစ်အတွင်းမှာ နိုင်ငံခြား ခရီးစဉ် ၇ ကြိမ်သာလုပ်ခဲ့ပြီး တရုတ်နိုင်ငံကို ၄ ကြိမ်အထိ အများဆုံး သွားရောက်လည်ပတ်ခဲ့ပါတယ်။ တရုတ်ကတော့ မြောက်ကိုရီးယားအတွက် အရေးကြီးသော မဟာမိတ်နိုင်ငံဖြစ်ပါတယ်။

အမေရိကန်ရဲ့ပြောဆိုချက်အရတော့ မြောက်ကိုရီးယားနှင့် ရုရှားအကြားက အခုလို ဆက်ဆံရေးနီးကပ်မှုဟာ ရုရှားအတွက် ယူကရိန်းကျူးကျော်စစ်ပွဲတွင် လိုအပ်နေသော စစ်လက်နက်များ ထောက်ပံ့ပေးရန်သာ ဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်နှင့် သူ့ရဲ့ မဟာမိတ်နိုင်ငံများဟာ ရုရှားနှင့် မြောက်ကိုရီးယားအကြားက စစ်ရေးဆက်ဆံရေးနီးစပ်လာမှုကြောင့် စိုးရိမ်နေကြောင်း ပြောပါတယ်။

ကင်မ်နှင့်ပူတင်တို့ဟာ ၂၀၁၉ ခုနှစ်တွင်လည်း တစ်ကြိမ်တွေ့ဆုံခဲ့ကြပြီးနောက် ဒါဟာ သူတို့နှစ်ဦးအကြားက ဒုတိယအကြိမ်မြောက် ထိပ်သီးတွေ့ဆုံမှုဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကို ပေါ်တင် ထောက်ခံနေသော ကမ္ဘာ့နိုင်ငံအနည်းငယ်ထဲက တစ်ခုဖြစ်ပြီး ပူတင်ကတော့ ပြီးခဲ့တဲ့အပတ်တွင် ပြောဆိုချက်အရ နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍပေါင်းစုံတွင် တိုးတက်လာစေရန် ကြိုးပမ်းမည်ဟု ပြောပါတယ်။

နောက်ဆုံးရသတင်းများ

ဝင်ငွေထွက်ငွေမမျှလို့ ညည်းတွားနေရတဲ့ အိမ်ရှင်မတွေ

စာရေးသူ-ဇို စျေးကြီးတစ်ခုရဲ့ ကုန်စိမ်းတန်းဘက်ရောက်လာတော့ စျေးသည်အမျိုးသမီးတစ်ဦး မျက်နှာမ သာမယာနဲ့ ထိုင်နေတာကို သတိထားမိတယ်။ သူ့အနားရောက်တော့ ဘာကြောင့်မျက်နှာမကောင်းဖြစ်နေတယ်ဆိုတဲ့အဖြေကို သိလိုက်ရတယ်။ အဲဒီစျေးသည်အမျိုးသမီးက အသီးအနှံတွေ ရောင်းတာပါ။ အထူးသဖြင့် ရာသီပေါ်တွေဖြစ်တဲ့ သြဇာသီး၊ ကြက်မောက်သီး၊ မာလကာသီး စတဲ့အသီးအနှံတွေပဲ ...

ဆက်ဖတ်ရန်