လမ်းတာချဲ့စဉ်ကျောက်တုံးလိမ့်ကျရာမှ နေအိမ်တစ်လုံးပျက်စီးပြီးအမျိုးသမီးတစ်ဦးဒဏ်ရာရ

လမ်းတာချဲ့စဉ်ကျောက်တုံးလိမ့်ကျရာမှ နေအိမ်တစ်လုံးပျက်စီးပြီးအမျိုးသမီးတစ်ဦးဒဏ်ရာရ

ဖလမ်းမြို့၊ တလန်လိုရပ်ကွက်တွင် လမ်းတာချဲ့နေစဉ်နံနက် ၁၁း၃၀ခန့်တွင် ကျောက်တုံးလုံးပတ် (၁၀)ခန့်လိမ့်ကျရာမှ အိမ်တစ်လုံးပျက်စီးပြီး အဝတ်လျှော်နေတဲ့အမျိုးသမီးရဲ့ ဦးခေါင်းဒဏ်ရာရရှိသွားတယ်လို့သတင်းရရှိပါတယ်။

တလန်လိုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇာနေလိန်းက “အိမ်ပျက်စီးသွားတာက ဦးဇာလှယ်ဆုမ်ရဲ့အိမ်ပါ။ ဒဏ်ရာရရှိတဲ့အမျိုးသမီးက ဒေါ်တွမ်ကိဒိမ် (၄၅)နှစ်က အိမ်ရှင်ရဲ့အမျိုးသမီးပါ။ သူက အိမ်အောက်ထပ်ဝါရန်တာနားမှာ အဝတ်လျှော်နေတုန်း လမ်းပေါ်ကနေ ကျောက်တုံးကြီးကသူခေါင်းကိုလာထိသွားတော့ ဆေးရုံပို့တဲ့ထိ သတိမေ့နေတယ်။ ကျောက်တုံးက တိုက်ရိုက်ထိတာမဟုတ်ပဲ အရှိန်သေခါနီးထိမိတာထင်တယ်။ မဟုတ်ရင်တော့ ချက်ချင်းသေလို့ရတယ်။ အိမ်ကတော့ တစ်ဝက်လောက်ပျက်စီးသွားတယ်။ အိမ်တိုင်၊ နံရံတို့၊ ပျဉ်ပြားတို့၊ အိမ်ထဲက ဘီယိုတွေလည်းထိတယ်” လို့ပြောပါတယ်။

Zalen ad

ဒဏ်ရာရရှိသွားတဲ့ ဒေါ်တွမ်ကိဒိမ် (Nu Tuan Kip Dim) ကိုဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ကုသပေးလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ရက် မနေ့က ...

ဆက်ဖတ်ရန်