လယ်စိုက်ဖို့ မသေချာတဲ့ ကလေး မြောက်ပိုင်းက လယ်သမားများ

၂၆၊ ဇွန်၊ ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ ကလေးမြိုနယ်မှာ စစ်ကောင်စီတပ် နဲ့ ‌ဒေသကာကွယ်ရေး တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် မြောက်ပိုင်းကျေးရွာတွေက ဒေသခံတော်တော်များ ရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။

၂၀၂၄ ဖေဖော်ဝါရီ လကုန်ပိုင်းက စတင်တဲ့ တိုက်ပွဲတွေဟာ လက်ရှိအချိန်ထိ နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကလေးမြိုပေါ်နဲ့ တခြား ဘေးလွတ်မယ့်နေရာတွေ နေထိုင်နေရပါတယ်။

လက်ရှိ မိုးဦးရာသီ ရောက်ရှိလာပြီဖြစ်ပေမယ့် ထွန်ယက်စိုက်ပျိုးတာတွေ မလုပ်နိုင်သေးဘူးလို ဒေသခံတွေက ပြောပါတယ်။

” ကျွန်တော်တို ကိုယ်တိုင်ကလည်း ကလေးမြိုမှာ ရှောင်နေရတယ်။ ပြေးလာတဲ့အချိန်တုန်းက နေကြာတောင် သိမ်းလို့မပြီးသေးဘူး။ အခုချိန်ဆိုရင် အရင်က မြေတွေ ထွန်ယက်နေပြီ။ ဒီနှစ်တော့ လုံး၀ မစိုက်နိုင်တော့ဘူးထင်ပါတယ်။ ” လို သာယာကုန်းရွာသား တောင်သူတစ်ဦးက Zalen ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကလေးမြို့နယ်က သာယာကုန်း၊ ယောက်ချိုကွင်း၊ ညောင်တော၊ ဆည်ကြီး၊ မော်စီ၊ပျဉ်းခုံကြီး၊ ပျဉ်းခုံ‌လေး၊ နန်းချောင်း၊ မိုင်နွဲ့စတဲ့ ရွာတွေက မီးရှို့ခံရပြီး လူ ရှစ်ထောင်ထက်မနည်း ထွက်ပြေးနေရတာပါ။

ကလေးဝမြို့နဲ့ မဟာမြိုင်လမ်းပိတ်ထားတာကြောင့် ကုန်ဈေးနှုန်းတွေ အပါအ၀င် ဓာတ်ဆီဈေးနှုန်းတွေ မြင့်တက်နေပါတယ်။

ဒါကြောင့် စက်သုံးဆီ လုံလောက်စွာ ဝယ်လို့ မရတာ၊ သွင်းအားစုတွေ ဈေးတက်တာကြောင့် ဝယ်ယူလို့ မရတာ အစရှိသည်တို့ကြောင့် စပါး မစိုက်ပျိုးနိုင်တဲ့ အခြေအနေ ဖြစ်နေတယ်လို သိရပါတယ်။

” မီးရှိခံရတုန်းက နွားတွေရော အိမ်တွေပါ ပါသွားတယ်။ သူတို့က အိမ်မှာ ရှိတဲ့ ဆန်စက်ကိုပါ သယ်သွားတာ၊ ဘာမှ မကျန်တော့ဘူး။ ရှိတဲ့ လယ်တွေလည်း နွားမရှိတော့ စက်ငှားပြီး ထွန်ရမှာ။ စက်က ငှားလို့လည်း အဆင်မပြေ၊ ဆီကလည်း ရှား ဆိုတော့ ကျွန်တော်တို မိသားစု‌ေတာ့ ဒီနှစ် မစိုက်ဖြစ်တော့ပါဘူး။ ကိုယ်တိုင်ကလည်း စစ်ဘေးရှောင်ဆိုတော့ အရင်းအနှီးလည်း မရှိပါဘူးဗျာ။ ” လို့ ယောက်ချိုကွင်းကျေးရွာက တောင်သူတစ်ဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကုန်ဈေးနှုန်းဟာ တရိပ်ရိပ်မြင့်လာပေမယ့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အခုတော့ ပိုပြီး ‌ဈေးနှုန်းကြီးမြင့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနှစ်အတွက် ကလေးမြိုနယ်မှာ စပါးစိုက်ပျိုးမှု ထက်၀က်ခန့်လျော့နည်းလာလိမ့်မယ်လို တောင်သူတွေက ခန့်မှန်းနေကြပါတယ်။ ဒီနှစ်စပါးစိုက်ပျိုးလို့မရမယ့် ကျေးရွာတွေကတော့ ညောင်တောရွာ၊ ဆည်ကြီး၊ မော်စီ၊ ပျဉ်းခုံလေး၊ ပျဉ်းခုံကြီး၊ ငှက်ပျောတော၊ ယောက်ချိုကွင်း၊ မိုင်နွဲ့၊ ပြည်တော်သာ၊ နန်းချောင်း၊ သာယာကုန်းနဲ့ ပျူစောထီးရွာ ကျောင်းတိုက်၊ ဆည်တောဦးရွာတို့ဖြစ်ပါတယ်။ ပြီးနောက် တောင်ပိုင်းမှာ ထိုမာကျေးရွာ၊ သာယာဝတီ၊ သာယာကုန်း၊ ဆည်တောရွာတို့လည်း စပါးစိုက်လို့ရမှာမဟုတ်ကြောင်းသိရတယ်။

အကျိုးဆက်အနေနဲ့ စစ်ကောင်စီရဲ့ ဆန်ရောင်း၀ယ်ရေး ကန့်သတ်ချက်တွေအောက်မှာ ဒေသခံတွေဟာ ဆန်ပြတ်လပ်မှု ကြုံတွေ့မှာ စိုးရိမ်နေတယ်လို ဆိုပါတယ်။

” စကစ က ကန့်သတ်တွေကြားရတော့ စပါးမစိုက်နိုင်တာ ယူကျိုးမရ ဖြစ်မိတယ်။ မဟုတ်ရင် ကိုယ့် လယ်က ထွက်တာက ကိုယ်စားဖို့ လုံလောက်သေးတယ်။ ကျွန်တော်တို အိမ်ပြန်ပြီး လယ်အေးဆေး စိုက်ပြီးပဲ နေချင်တယ်။ အခုက မိုးကျပြီဆိုတော့ လယ်ထွန်ဖို့ အချိန်ကောင်းပါပဲ။ ဒါပေမယ့် ကျွန်ဝော်တိုကတော့ ရွာထဲတောင် ၀င်လို မရပါဘူး။ ” လို ပြည်တော်သာရွာသားတစ်ဦးက ပြောပါတယ်။

စစ်တပ်လက်အောက်ခံ ပျူစောထီး ကျေးရွာအနီးက လယ်စိုက်ခင်းတွေမှာ စပါးစိုက်ပျိုးဖို့ ဒေသခံ‌ေတွက ကြိုးစားပေမယ့် အဲဒီအနီးအနားမှာ ပျူစောထီးအဖွဲက ‌မိုင်းထောင်ထားရှိတာကြောင့် စိုက်ပျိုးဖို့ အခက်အခဲ ရှိနေတယ်လို ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ကလေးမြိုမှာ ဧရာမင်းဆန် တစ်အိတ်ကို ၁၇၀,၀၀၀ ကျပ်၊ ကြက်ဥ တစ်လုံးကို ၅၀၀ ၊ ဓာတ်ဆီ တစ်ဂါလံ ၂၃,၀၀၀ ၀န်းကျင် ပေါက်ဈေးရှိနေပါတယ်။

Helen

နောက်ဆုံးရသတင်းများ

ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ...

ဆက်ဖတ်ရန်