လိင်တူချင်းအဓမ္မပြုကျင့်သည့် ဝန်ထမ်းကို အမှုစွဲလိုက်ပြီ

ဟားခါးမြို့တွင် ဝန်ထမ်းတစ်ဦးက ၎င်းအိမ်နီးချင်းရှိ အသက်(၇)နှစ်အရွယ် ယောကျ်ားလေးတစ်ဦးကို လိင်တူချင်းအဓမ္မပြုကျင့်ခဲ့သောကြောင့် မေလ(၇)ရက်တွင် ဟားခါးမြို့တရားရုံးက အမှုစွဲလိုက်သည်ဟု ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး သိန်းဇော်ဦးထံမှသတင်းရရှိသည်။

လိင်တူချင်းအဓမ္မပြုကျင့်သူ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)ကို ရာဇသတ်ကြီးပုဒ်မ(၃၇၇) ဓမ္မတာမဟုတ်ကာမဆက်ဆံရေးဥပဒေနှင့်အရေးယူထားကြောင်း၊ ယင်းဥပဒေသည် အနည်းဆုံးထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိချမှတ်နိုင်သည်။

နောက်တစ်ပတ် ရုံးချိန်းတွင် ၎င်းအား စတင်၍အမှုစစ်တော့မည်ဟု သိရသည်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ်တွေကို လိုင်စင်နံပါတ် စုံ ၊ မ ဂဏန်းတွေ စတင်စစ်ဆေး

မတ် ၂၁၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက လေဆိပ်ရှေ့မှာ ကားနဲ့ ဆိုင်ကယ်တွေကို တားပြီး လိုင်စင်နံပါတ်ပြားပေါ်က စုံ / မ ဂဏန်းတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။ မတ်လ ၂၀ရက် မနေ့က ...

ဆက်ဖတ်ရန်