လူသတ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို CDF-Thantlang ရဲတပ်ဖွဲ့က ဖမ်းဆီး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ဇာနက်တောင်ကြောတွင် လူသတ်မှုကျူးလွန်သော တရားခံ ဦးလာလ်ပန်လျန်အား CDF-Thantlang ဇာနက်တောင်ကြော ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ရက်၊ ညပိုင်း ၉နာရီခန့်က ထန်တလန်မြို့နယ်၊ ရာလ်ပဲလ်ကျေးရွာသား ဦးဒဲန်ထန်းသည် ရွာအတွင်းလည်ပတ်စဉ် ဦးလာလ်ပန်လျန်ဆိုသူနဲ့ စကားများရန်ဖြစ်ကြပြီး လာလ်ပန်လျန်က ဦးဒဲန်ထန်းအား ဓားဖြင့် ၃ချက်ထိုးခဲ့ရာ ဦးဒဲန်ထန်းသည် ဓားဒဏ်ရာ‌နဲ့ ယင်းည ၁၁နာရီတွင် သေဆုံးခဲ့သည်။

လူသတ်တရားခံ ဦးလာလ်ပဲန်လျန်အား ဇာနက်တောင်ကြော ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး ဉပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းများ

တန်းတူညီမျှသော ပြည်ထောင်စုသစ် ပေါ်ပေါက်သည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု CDF-Asho ထုတ်ပြန်

ဇန်နဝါရီ  ၂၂ ၊ ၂၀၂၆။ Zalen တန်းတူညီမျှမှုရှိသော ပြည်ထောင်စုသစ်တရပ် ပေါ်ထွန်းလာသည်အထိ အရှိန်အဟုန်မပျက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ချင်းကာကွယ်ရေးတပ် (အရှို) က ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇန်နဝါရီလ ၂၁ ရက်နေ့ ...

ဆက်ဖတ်ရန်