ဝမ်း‌ဗိုက်‌ကျည်ထိပြီး ‌ကလေးမြို့တွင် သူရဲကောင်းတစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ် ငဖားကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူကြားပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကျည်ထိတဲ့ ကလေးမြို့နယ်၊ သံဖိုရွာသား ဆလိုင်းထန်ဆန်(Salai Than Sang)-၂၆ နှစ်ဟာ ဒီမနက်(ဧပြီ ၃ရက်) ၂ နာရီတွင်ကျဆုံးသွားတယ်လို့သတင်းရရှိပါတယ်။

ဧပြီလ (၁)ရက်တွင် ငဖားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ပြည်သူကြားပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ကျည်ထိဒဏ်ရာရပြီးနောက် ကလေးမြို့နယ် နတ်ချောင်းရွာတိုက်နယ်ဆေးခန်းသို့ပို့ဆောင်ပေမယ့် ကိရိယာမလုံလောက်တာကြောင့် အနာသက်သာဆေးထိုးပြီး ဆေးကုသကြပါတယ်။ ဧပြီလ ၂ ရက်ညနေ ၉ နာရီတွင် ခွဲစိပ်ပြီး ဒီမနက်မှာ ကျဆုံးသွားတာဖြစ်တယ်။ အလောင်းကို ဇာတိရွာသို့ပြန်လည်သယ်ဆောင်ကြပါတယ်။

ကလေးမြို့နယ်တွင် စစ်အာဏာသိမ်းပြီးနောက် ကျဆုံးသူ ၁၇ ဦးရှိပါပြီ။ လက်ရှိကလေးမြို့တွင် စစ်အာဏာသိမ်းကိုဆန့်ကျင်တဲ့ သပိတ်တွေဆက်လက်ဆင်နွဲနေကြပါတယ်။

နောက်ဆုံးရသတင်းများ

ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအကန့်အသတ်မရှိပိတ်ထားကြရန်အသိပေး

အောက်တိုဘာလ ၃၀၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အတွင်းရှိစာသင်ကျောင်းများကို အကန့်အသတ်မရှိပိတ်ထားကြရန် CDF-Thangtlang ၊ ပညာရေးဌာနက အောက်တိုဘာ ၂၉ ရက်မှာအသိပေး ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လူနေအိမ်နဲ့စာသင်ကျောင်းများကိုနေ့စဉ်ဗုံးကြဲနေတာကြောင့် ထန်တလန်မြို့နယ် အတွင်းရှိ အထက်တန်း၊ ...

ဆက်ဖတ်ရန်