ဝယ်စလီဆေးရုံ အောက်ဆီဂျင်စက် အထိအခိုက်မရှိပဲပုံမှန်လည်ပတ်ဟုဆို

ကလေးမြို့ တာဟန်းရပ်ကွက်ရှိ ဝယ်စလီဆေးရုံက အောက်ဆီဂျင်စက်ကို ဒီညတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်စီးတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်ပျံ့နှံလာပါတယ်။

ဒါပေမယ့် ယင်းသတင်းဟာ အမှန်ပဲ ပုံမှန်လည်ပတ်နေတယ်လို့ ဝယ်စလီဆေးရုံရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။

ဒီည ကလေးမြို့က PDF (Kalay) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဝယ်စလီဆေးရုံနဲ့ တလမ်းကျော် ဗိုလ်ချုပ်လမ်းပေါ်မှာ ပစ်ခတ်ကြတာဖြစ်တယ်။

(Zawgyi)




နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ် အေအေရဲ့ အုပ်ချုပ်မှုအောက်က ထိတ်လန့်ဖွယ် မုဒိမ်းမှုနဲ့ သတ်ဖြတ်မှုများ

အယိုက်လင်း အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရှစ်လအတွင်း အမျိုးသမီး လေးဦးဟာ အဓမ္မပြုကျင့်ခံရပြီး အမျိုးသမီး နှစ်ဦးမှာ သတ်ဖြတ်တာခံရပါတယ်။ ဒါဟာ ပလက်ဝမြို့နယ်ကို အေအေ ထိန်းချုပ်ထားပြီးနောက် အမျိုးသမီးတွေ ဆက်တိုက် အဓမ္မပြုကျင့်မှုကျူးလွန်ခံရတာဖြစ်ပါတယ်။ ...

ဆက်ဖတ်ရန်