ဝေလမင်းသား ချားလ်စ်တည်ထောင်ထားတဲ့အဖွဲ့က ချင်းပြည်နယ်သို့ ဆေးနဲ့ ဆေးပစ္စည်း ကျပ်သိန်း ၁၇၈၀ ကျော်ဖိုး လှူဒါန်း

၂၀၁၉၊ အောက်တိုဘာ (၁၈)
အင်္ဂလန်ပြည်ရှင်ဘုရင်မရဲ့သားတော် ဝေလမင်းသား ချားလ်စ်တည်ထောင်ထားတဲ့အဖွဲ့က ဒေါက်တာဆာဆာဖွဲ့စည်းထားတဲ့ Help and Hope Myanmar ထံသို့ အမေရိကန်ဒေါ်လာ (၁၁၉,၁၂၁ ဒသမ ၆၈) (မြန်မာငွေ သိန်း ၁၇၈၀ ကျော်)တန်ဖိုးရှိတဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းများ လှူဒါန်းထားတယ်လို့သတင်းရရှိပါတယ်။

ယင်းဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို Help and Hope Myanmar ရဲ့ ဧရိယာ (၃၅)ခုဖွဲ့ထားတဲ့ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝမြို့နယ် နဲ့ ရခိုင်ပြည်နယ်အချို့မှာ ဖြန့်ဝေသွားမယ်လို့ Help and Hope Myanmar စီမံကိန်းဒါရိုက်တာ ဒေါက်တာ Bei Cho Tha ထံမှသိရပါတယ်။

ဒေါက်တာ Bei Cho Tha က “အဓိကတော့ အခြေခံဆေးဝါးတွေပိုများတယ်။ သောက်ဆေးတွေပေါ့။ အခု ဝန်ကြီးဌာန ၅ ခုကိုဖြတ်သန်းပြီး သူတို့ရဲ့ခွင့်ပြုချက်ရပြီးမှ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုလိုက်တယ်။ ဒါကြောင့် အခုမှ အင်္ဂလန်ကနေ သင်္ဘောနဲ့သယ်လာရမယ်ဆိုတော့ နိုဝင်ဘာလကုန် ဒီဇင်ဘာ လဆန်းလောက်မှာ ပစ္စည်းတွေမြန်မာပြည်ကိုရောက်လာနိုင်မယ်” လို့ပြောပါတယ်။

Zalen ad

ဝေလမင်းသား ချားလ်စ်တည်ထောင်ထားတဲ့ International Health Partners UK က Help and Hope Myanmar ထံအခုလိုမျိုးဆေးဝါးတွေ ကူညီလာခဲ့တာ (၇)ကြိမ်ရှိပါပြီ။

၂၀၀၇ ခုနှစ်တွင် မတူပီမြို့နယ် လိုင်လင်ပီးမြို့နဲ့အနီးတဝိုက်တွင် ကြွက်များက တောင်ယာစိုက်ခင်းများကိုအကုန်ဖျက်ဆီးခဲ့တာကြောင့် ပြည်သူများ အစာရေစာပျက်လစ်ပြီး အဟာရချို့တဲ့နေတဲ့အချိန်တွင် ဒေါက်တာ ဆာဆာက International Health Partners UK ထံအကူအညီတောင်းရာမှ အဆက်အသွယ်ရရှိခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းများ

မြန်မာဘက်ခြမ်းမှဝင်လာတဲ့ ကုန်စိမ်းအိတ်တွေထဲကနေ မူးယစ်ဆေးအများအပြားဖမ်းမိ

ဇန်နဝါရီ ၂၆ ၊ ၂၀၂၆Zalen အိန္ဒိယ-မြန်မာနယ်စပ်၊ ရိဒ်ခေါဒါရ်ကနေ ဇိုခေါထာရ်ဘက်ကို တင်သွင်းလာတဲ့ ကုန်စိမ်းအိတ်များထဲမှ မူးယစ်ဆေး အများအပြားဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဇိုခေါထာရ်ရဲတပ်ဖွဲ့များဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက နယ်စပ်ဂိတ်ကနေဝင်လာတဲ့ ကုန်စိမ်းအိတ်များကို ရှာဖွေစစ်ဆေးခဲ့ရာ မုန်ညင်းရွက်ထည့်ထားတဲ့ အိတ်ထဲကနေ ဘိန်းဖြူအများအပြားဖမ်းဆီးခဲ့တာ ...

ဆက်ဖတ်ရန်