သက်တမ်း ၃၅၀၀ နှစ်ရှိသော ဝက်ဝံရုပ်ကြွင်းတစ်ခုကို ဆိုက်ဘေးရီးယားတွင် သိပ္ပံပညာရှင်များတွေ့ရှိ

ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားဒေသတွင်ရှိ permafrost လို့ခေါ်တဲ့ အေးခဲနေသောနက်ရှိုင်းမြေလွှာတွင် နှစ်ပေါင်း ၃၅၀၀ ကြာက ဝက်ဝံတစ်ကောင်ရဲ့ရုပ်ကြွင်းကို သိပ္ပံပညာရှင်များက မကြာသေးခင်ကပဲ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

“ဒီတွေ့ရှိမှုက အရမ်းကိုထူးခြားပါတယ်။ ဒါဟာ ရှေးဟောင်း ဝက်ဝံကြီးတစ်ကောင်ကို ပြည့်ပြည့်စုံစုံ ထိန်းသိမ်းပေးထားပါတယ်” ဟု အရှေ့ပိုင်း ဆိုက်ဘေးရီးယားက Lazarev Mammoth Museum Laboratory တွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော မက်ဆင်ချီပရာဆို့က ပြောပါတယ်။

ဒီဝက်ဝံရုပ်ကြွင်းကို ၂၀၂၀ ခုနှစ်တွင် သမင်ထိန်းကျောင်းသူများက တွေ့ရှိခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံ၊ မော်စကိုမြို့ကနေ မိုင်ပေါင်း ၂၉၀၀ ခန့်ကွာဝေးတဲ့ Bolshoy Lyakhovsky ကျွန်း တွင်ရှိသော အေးခဲနေသော မြေလွှာထဲတွင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အေးခဲနေသော ရာသီဥတုကြောင့် ဒီဝက်ဝံကြီးကို နှစ်ပေါင်း ၃၄၆၀ အထိ ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ခြင်းဖြစ်ပြီး ထိုဝက်ဝံကြီးဟာ ၅ ပေခန့်ရှည်ပြီး ၁၇၂ ပေါင်ခန့်ရှိပါတယ်။

Zalen ad

ထိုဝက်ဝံကြီးဟာ သေဆုံးချိန်တွင် အသက် ၂ နှစ်ကနေ ၃ နှစ်ခန့်ရှိခဲ့ပြီး ကျောရိုးတွင် ဒဏ်ရာ ရရှိခဲ့သောကြောင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရေလက်ကြားကနေ ၃၁ မိုင်ကွာဝေးသော ကျွန်းတွင် ထိုဝက်ဝံ၏ ရုပ်ကြွင်းကို တွေ့ရှိခဲ့တာဖြစ်သောကြောင်း ထိုကျွန်းပေါ်သို့ ဝက်ဝံဘယ်လို ရောက်လာသလဲဆိုတာကိုတော့ သေချာ မသိရပါ။ ဒါပေမယ့် ယခင်က ထိုကျွန်းဟာ ပြည်မကုန်နဲ့ ဆက်နွယ်ခဲ့ဖူးတာဖြစ်နိုင်ကြောင်း ဆိုကြပါတယ်။

နောက်ဆုံးရသတင်းများ

Joshua Van ရဲ့ပထမဆုံးချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ်ဂျပန်ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားမယ်

ဖေဖော်ဝါရီလ ၂၃၊ ၂၀၂၆ Zalen လက်ရှိ UFC Flyweight ချန်ပီယံ Joshua Van ကတော့ သူ့ရဲ့ပထမဦးဆုံးချန်ပီယံ ခါးပတ်ကာကွယ်ပွဲအဖြစ် ဂျပန် ဖိုက်တာ Tatsuro Taira နဲ့ထိုးသတ်သွားကြမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ကို လာမယ့် ...

ဆက်ဖတ်ရန်