သုံးထပ်ကွင်းချန်ပီယံ ရဲသွေးနီ နဲ့ အောက်ချင်းလေး စိန်ခေါ်ပွဲ သရေကျ

၂၀၁၉၊ နိုဝင်ဘာလ (၃)
သုံးထပ်ကွင်းချန်ပီယံ ရဲသွေးနီ နဲ့ အောက်ချင်းလေး တို့စိန်ခေါ်ပွဲထိုးတွင် ပွဲပြည့်တဲ့ ငါးချီအထိရင်ဆိုင်ထိုးသတ်ရာ သရေကျခဲ့ပါတယ်။

AIR KBZ Fight – 6 ရိုးရာလက်ဝှေ့ ရွှေအောင်လံလုပွဲကို ရန်ကုန်မြို့သိမ်ဖြူ လက်ဝှေ့ရုံ၌ ဒီနေ့ ညနေ (၂)နာရီတွင် ကျင်းပပါတယ်။

ရဲသွေးနီဟာ ၂၀၁၈ ခုနှစ်အကုန်ထိ ပြည်တွင်းကစားသမားများတွင် ပြိုင်ဘက်ကင်းတဲ့ ကစားသမားဖြစ်ပြီး အောက်ချင်းလေးက ပထမဆုံး စိန်ခေါ်တဲ့သူဖြစ်ပါတယ်။

အောက်ချင်းလေးနဲ့ တောင်ဇလပ်ကလပ် နည်းပြ ဦးဟာဟုန်း

AIR KBZ Fight- 6 ရိုးရာက်ဝှေ့ ရွှေအောင်လံလုပွဲတွင် အခြားရွှေအောင်လံလုပွဲများအဖြစ် စိုးလင်းဦး နဲ့ ရွှေရာမာဉ်၊ ရဲသွေးနီး နဲ့ အောင်ချင်းလေး၊ စောရွှေလေး နဲ့ ချက်ဂါဖန်(ထိုင်း)၊ စောဒါဝိတ် နဲ့ နိုင်ဝင်းထွန်း၊ သိုင်းပြောင်းပြန် နဲ့ ရိုးရာလက်ဝှေ့ အထူးစိန်ခေါ်ပွဲအဖြစ် မှော်ဘီဇာမဏီနဲ့ စောနီကို (ဂျာမနီ) တို့ ယှဉ်ပြိုင် ထိုးသတ်ကြပါတယ်။

(Zawgyi)


၂၀၁၉၊ နိုဝင်ဘာလ (၃)




နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်