သေဒဏ်အထိ ချနိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ စစ်ကောင်စီ ပြဋ္ဌာန်း

၃၀၊ ဇူလိုင်၊ ၂၀၂၅

Zalen

၂၀၂၅ နှစ်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ရင် အမြင့်ဆုံးသေဒဏ်ထိ ချမှတ်မယ့် ဥပဒေကို ပြဋ္ဌာန်းလိုက်ပါတယ်။

ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ရေးထိုးပြီး ဇူလိုင်လ ၂၉ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

အဲဒီဥပဒေမှာ အနိမ့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် ၃ နှစ် ဖြစ်ပြီး အမြင့်ဆုံးမှာ သေဒဏ် အထိ ချမှတ်မယ်လို့ ဖော်ပြထားပါတယ်။

အဲဒီဥပဒေမှာ ပုဒ်မပေါင်း ၃၂ ခု ပါဝင်ပြီး ပုဒ်မ ၂၇ မှာ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး တစ်ဦးတစ်ယောက်ကို သေဆုံးမှုဖြစ်စေရင် ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူအသီးသီးကို သေဒဏ်ချမှတ်ရမယ်လို့ ပါရှိပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ် အမတ်လောင်းတွေ မဲဆွယ်စည်းရုံးစဉ် ခြိမ်းခြောက်၊ ဟန့်တား၊ နှောက်ယှက်ရင် ထောင်ဒဏ် ၃နှစ်မှ တစ်သက်အထိ ချမှတ်မယ်လို့ ဆိုထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရုံး၊ မဲရုံ၊ မဲပုံးနဲ့ ရွေးကောက် ပွဲဆိုင်ရာပစ္စည်းတွေကို လူစုလူဝေးနဲ့ ဖျက်ဆီးရင် အမြင့်ဆုံး ထောင်ဒဏ်တစ်သက် ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မဲဆန္ဒရှင်၊ မဲရုံဝန်ထမ်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေကို ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း၊ အပြင်းအထန် နာကျင်စေခြင်းတို့ ကျူးလွန်ပါက ထောင်ဒဏ် ၃နှစ်ကနေ ထောင်ဒဏ်တစ်သက် ချနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲပျက်ပြားစေဖို့ ဟောပြော၊ စည်းရုံး၊ လှုံ့ဆော်၊ ဆန္ဒပြ၊ ရေးသားခြင်းတို့ မပြုလုပ်ဖို့လည်း တားမြစ်ထားပြီး ဖောက်ဖျက်ရင်အနည်းဆုံး ထောင်ဒဏ် ၃နှစ် ကနေ အများဆုံး ၇နှစ်ထိ ချမှတ်မယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြု ဆန့်ကျင်လုပ်ဆောင်မယ်လို့ NUG အစိုးရနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုထားချိန်မှာ အခုလို ဥပဒေ ပြဋ္ဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။

ဇူလိုင် ၂၉ ရက်နေ့မှာပဲ ရွေးကောက်ပွဲဥပဒေကို ပုဒ်မတွေကို စစ်ကောင်စီက သူတို့လိုသလို ပြင်ဆင်ဖြည့်စွက် ထုတ်ပြန်ထားပါတယ်။

Mary

နောက်ဆုံးရသတင်းများ

ZZLMS နယ်မြေအတွင်းရှိလူငယ်လူရွယ်များအတွက် ခရီးသွားလာခွင့်ကန့်သတ်

ဒီဇင်ဘာ ၂၀၊ ၂၀၂၅ Zalen ချင်းပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ ZZLMS နယ်မြေဧရိယာအတွင်းရှိ လူငယ်များအနေဖြင့် တိုင်းပြည်နဲ့လူမျိုးအတွက် တာဝန်ထမ်းဆောင်ကြရန် ဖိတ်ခေါ်ထားပြီး ခရီးသွားလာခွင့်ကိုလည်းကန့်သတ်ကြောင်း ZZLMS က ဒီကနေ့ထုတ်ပြန်ပါတယ်။ ZZLMS ဟာ ဇိုတုန်၊ ဇိုဖဲ၊ ...

ဆက်ဖတ်ရန်