ဟားခါးတွင် ဝန်ထမ်းတစ်ဦးက အသက်(၇)နှစ် ယောကျ်ားလေး အဓမ္မပြုကျင့်

ဧပြီ(၁၀)၊ ၂၀၁၈

ဟားခါးမြို့ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)က အသက်(၇)နှစ်အရွယ် ဒေသခံယောကျ်ားလေးတစ်ဦးကို ဧပြီလ(၈)ရက်ညနေပိုင်းတွင် အဓမ္မပြုကျင့်ကြောင်း ဟားခါးမြို့နယ် ရဲစခန်းမှသတင်းရရှိသည်။

“အခုလိုဖြစ်တာ ဒါ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့သိရတယ်။ သူတို့က အိမ်နီးနားချင်းချင်းဗျာ။ ဟားခါးမှာဆို ယောကျ်ားချင်းချင်း အဓမ္မပြုကျင့်တာ ဒါ ပထမဆုံးအကြိမ်ပဲ”ဟု ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူး သိန်းဇော်ဦးက Zalen သတင်းဌာနသို့ပြောသည်။

အဓမ္မပြုကျင့်စဉ်တွေ့မြင်မှသာ ယခုကဲ့သို့ ကောင်လေးမှဖွင့်ပြောခြင်းဖြစ်ပြီး၊ အခြားလူတွေထံဖွင့်ပြောပါက သတ်ပစ်မည်ဟုခြိမ်းခြောက်ထားကြောင်းသိရသည်။ ဦးခင်မောင်ထူးသည် အဓမ္မပြုကျင့်ခံရသည့်ကလေး အစ်ကိုက ထိုးကြိတ်သဖြင့် လက်ရှိ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဟားခါးမြို့နယ် ရဲစခန်းမှသိရသည်။

Zalen ad

လက်ရှိ အဓမ္မပြုကျင့်သူ ဦးခင်မောင်ထူးကို ရာဇသတ်ကြီးပုဒ်မ(၃၇၇) ဓမ္မတာမဟုတ်ကာမဆက်ဆံရေးဥပဒေနှင့်အရေးယူထားကြောင်း၊ ယင်းဥပဒေသည် အနည်းဆုံးထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိချမှတ်နိုင်သည်။

ယမန်နှစ်တွင် ဟားခါးမြို့၌ ကလေးသူငယ်အပေါ် အဓမ္မပြုကျင့်မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဟားခါးမြို့နယ် ရဲစခန်းမှတ်တမ်းအရသိရသည်။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်