ဟားခါးတွင် အနိမ့်ဆုံးအပူချိန် -4.7°C ထိရောက်ရှိ၊ နှစ် ၃၀ အတွင်းအအေးဆုံးအဆင့်ရောက်ရှိ

ဟားခါးမြို့တွင် ဒီမနက်မှာ အနိမ့်ဆုံးအပူချိန် -4.7°C ထိရောက်ရှိတယ်လို့ ချင်းပြည်နယ် မိုးဇ၊လ ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် မိုးဇ၊လဦးစီးဌာန ဦးစီးမှူး ဦးခုပ်ကန်ကျင်က “ဒီမနက် ရောက်ရှိတဲ့အနိမ့်ဆုံးအပူချိန်က ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာ ဒီဇင်ဘာလအတွင်း အအေးဆုံးအဆင့်မှာရှိပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှာတော့ -6°C ထိရောက်တယ်။ အဲ့ဒါက စံချိန်တင်ပဲ။ ဒီမနက်က ရေဇလားမှာလည်း ရေ တစ်လက်မလောက်ခဲနေတယ်။ ဒီနှစ်က လာနီညာက အားအသင့်အတင့်ကနေ အားကောင်းနိုင်ပါတယ်။ လာနီညာက ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလထိကြာနိုင်တယ်” လို့ပြောပါတယ်။

ဟားခါးတွင်နေထိုင်သူတစ်ဦးက “မနေ့ညကတည်းကတော်တော်အေးနေပြီ။ ဒီမနက်ဆို အေးလွန်းလို့ တစ်မနက်လုံး စောင်ထဲမှာပဲ ကွေးနေတယ်။ အိမ်ခေါင်မိုးပေါ်က နှင်းတွေလည်းအကုန်လုံးခဲတယ်။ ကလေးတွေက နှင်းခဲတွေအကပ်လိုက်ယူလာကြတယ်” လို့ပြောပါတယ်။

(Zawgyi)

Zalen ad

ဟားခါးတြင္ အနိမ့္ဆံုးအပူခ်ိန္ -4.7°C ထိေရာက္ရွိ၊ ႏွစ္ ၃၀ အတြင္းအေအးဆံုးအဆင့္ေရာက္ရွိ

ဟားခါးၿမိဳ႕တြင္ ဒီမနက္မွာ အနိမ့္ဆံုးအပူခ်ိန္ -4.7°C ထိေရာက္ရွိတယ္လို႔ ခ်င္းျပည္နယ္ မိုးဇ၊လ ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ခ်င္းျပည္နယ္ မိုးဇ၊လဦးစီးဌာန ဦးစီးမွဴး ဦးခုပ္ကန္က်င္က “ဒီမနက္ ေရာက္ရွိတဲ့အနိမ့္ဆံုးအပူခ်ိန္က ၁၉၉၁ ခုႏွစ္ေနာက္ပိုင္းမွာ ဒီဇင္ဘာလအတြင္း အေအးဆံုးအဆင့္မွာရွိပါတယ္။ ၁၉၉၁ ခုႏွစ္ ဒီဇင္ဘာလ ၃၀ ရက္မွာေတာ့ -6°C ထိေရာက္တယ္။ အဲ့ဒါက စံခ်ိန္တင္ပဲ။ ဒီမနက္က ေရဇလားမွာလည္း ေရ တစ္လက္မေလာက္ခဲေနတယ္။ ဒီႏွစ္က လာနီညာက အားအသင့္အတင့္ကေန အားေကာင္းႏိုင္ပါတယ္။ လာနီညာက ဒီဇင္ဘာလကေန ေဖေဖာ္ဝါရီလထိၾကာႏိုင္တယ္” လို႔ေျပာပါတယ္။

ဟားခါးတြင္ေနထုိင္သူတစ္ဦးက “မေန႔ညကတည္းကေတာ္ေတာ္ေအးေနၿပီ။ ဒီမနက္ဆို ေအးလြန္းလို႔ တစ္မနက္လံုး ေစာင္ထဲမွာပဲ ေကြးေနတယ္။ အိမ္ေခါင္မိုးေပၚက ႏွင္းေတြလည္းအကုန္လံုးခဲတယ္။ ကေလးေတြက ႏွင္းခဲေတြအကပ္လိုက္ယူလာၾကတယ္” လို႔ေျပာပါတယ္။

 

 

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်