ဟားခါးမြို့တွင် လိင်တူချင်းအဓမ္မပြုကျင့်သူက ၎င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကိုကို တရားပြန်စွဲ

ဟားခါးမြို့တွင် လိင်တူချင်းအဓမ္မပြုကျင့်သူ လူမှုဝန်ထမ်းဦးစီးဌာနက စာပို့သမား ဦးခင်မောင်ထူး(၃၅နှစ်)က ၎င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကို ဆလိုင်းဗျက်ဇာထောင်း(၂၂နှစ်)ကို တရားပြန်စွဲလိုက်သည်ဟုသတင်းရရှိသည်။

ဦးခင်မောင်ထူး(၃၅နှစ်)က အိမ်နီးနားရှိ အသက်(၇)နှစ်အရွယ်ယောကျ်ားလေးတစ်ဦးကို ၂၀၁၈ ခုနှစ် ဧပြီလ(၈)ရက်ညနေပိုင်းတွင် အဓမ္မပြုကျင့်ခဲ့သည်။ ယင်းကဲ့သို့အဓမ္မပြုကျင့်စဉ်တွေ့ရှိသော ကလေးအစ်ကိုက တုတ်ချောင်းဖြစ်ရိုက်စဉ် လက်ဖြစ်ကာသဖြင့် ဒဏ်ရာရရှိသည်ဟုသိရသည်။

“အစတုန်းကတော့ အမှုမဖွင့်ဘူးလို့ပြောတယ်။ ဒါပေမယ့် ကလေးမြို့မှာဆေးရုံတက်ပြီးအပြန် လေးငါးဆယ်ရက်လောက်မှာ စိတ်ပြောင်းပြီးအမှုပြန်ဖွင့်ပေးပါလို့ လာပြောတော့ ကျနော်တို့လည်း အမှုဖွင့်ပေးရတာပေါ့။ ဒဏ်ရာကတော့ ခေါင်းနည်းနည်းပါးပါးထိတာခုတော့ သက်သာသွားပြီး။ လောလောဆယ်လက်ကျိုးလို့ ပတ်တီးစီးနေရတယ်”ဟု ဟားခါးမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှူး သိန်းဇော်ဦးက Zalen သို့ပြောသည်။

လိင်တူချင်းအဓမ္မပြုကျင့်သူ ဦးခင်မောင်ထူး(၃၅နှစ်)က ၎င်းကိုရိုက်နှိပ်သည့်ကလေးအစ်ကို ဆလိုင်းဗျက်ဇာထောင်းကို ရာဇာသတ်ကြီးပုဒ်မ (၃၂၅) အပြင်းအထန်နာကျင်စေမှုနဲ့အမှုဖွင့်ထားပြီး ယင်းပုဒ်မသည် ထောင်ဒဏ် ငါးနှစ်ထိကျခံနိုင်သည်။

Zalen ad

အဓမ္မပြုကျင့်သူ ဦးခင်မောင်ထူးကို ရာဇသတ်ကြီးပုဒ်မ(၃၇၇) ဓမ္မတာမဟုတ်ကာမဆက်ဆံရေးဥပဒေနှင့်အရေးယူထားကြောင်း၊ ယင်းဥပဒေသည် အနည်းဆုံးထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းများ

လေကြောင်းရန် သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီအသိပေး

ဖေဖော်ဝါရီလ ၂၊ ၂၀၂၆ Zalen တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ထဲကပြည်သူများအနေဖြင့် လေကြောင်းရန် နဲ့ ပတ်သက်လို့ သတိထားရမယ့်အချက် ၅ ချက်ကို ဖလမ်းဒေသကော်မတီ ( Falam Regional Committee ) က ...

ဆက်ဖတ်ရန်