ဟားခါးမြို့ အားကာ/သိပ္ပံကျောင်းတည်ဆောက်ဖို့ မြေနေရာကွင်းဆင်းလေ့လာ

ဟားခါးမြို့မှာ ချင်းပြည်နယ်ရဲ့ ပထမဆုံး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတည်ဆောက်မယ့် မြေနေရာကို အားကစားနှင့့်ကာယပညာဦးစီးဌာန တိုင်းဒေသကြီနှင့်ပြည်နယ်များ တာဝန်ခံ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာဝန်ရှိသူများက အောက်တိုဘာ(၁၇)ရက်နဲ့ (၁၈)ရက်တွေမှာ ကွင်းဆင်းလေ့လာပါတယ်။

အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတည်ဆောက်ဖို့ ကျပ်သိန်းနှစ်သောင်းကို ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ ပြည်ထောင်စုအစိုးရကလျာထားပါတယ်။

“ပြည်ထောင်စုအစိုးရက မြေဧက(၅၅)ကျယ်ဝန်းတဲ့မြေနေရာရှာထားဖို့ပြောတော့ အခု မြေနေရာတော့တွေ့ပြီ။ ဒီနှစ် ဒီဇင်ဘာလလောက်မှာ လုပ်ငန်းစနိုင်မယ်ထင်တယ်။ တည်ဆောက်တဲ့ကာလက အနည်းဆုံး သုံးနှစ်တော့ကြာမယ်”လို့ ချင်းပြည်နယ် စည်ပင်သာယာရေးဥက္ကဌ ဦးထလာဟရဲကပြောပါတယ်။

ချင်းပြည်နယ် အားကာ/သိပ္ပံကျောင်းတည်ဆောက်မယ့် နေရာကတော့ ဟားခါးမြို့ဟောင်းရပ်ကွက်အောက်ဘက်မှာဖြစ်ပါတယ်။

Zalen ad

ဒီကျောင်းမှာ တစ်နှစ် လူ(၁၅၀)လောက်လက်ခံပြီး အားကစားနည်း(၁၀)မျိုးသင်ကြားပို့ချမယ်လို့သိရပါတယ်။ ကျောင်းသူ၊ကျောင်းသားတွေကို တစ်ရက် ကျပ် ၂၅၀၀ ခန့်အသုံးပြုကာ နံနက်စာ၊ နေ့လယ်စာ၊ အားဖြည့်စာ၊ ညလယ်စာတွေကျွေးမွေးမှာဖြစ်ပြီး နေရေး၊ အသုံးအဆောင်ပစ္စည်းတွေပါထောက်ပံ့ပေးမယ်လို့ ကားကစားနှင့် ကာယပညာဦးစီးဌာနမှသိရပါတယ်။

မြန်မာနိုင်ငံမှာ ကားကစားနှင့် ကာယပညာသိပ္ပံကျောင်းကို ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ငူ၊ မုံရွာနှင့် လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်ထားပြီဖြစ်တယ်။

နောက်ဆုံးရသတင်းများ

လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ဒရုန်း အသုံးပြုပြီး ရှာဖွေရာ ဘိန်းစိုက်ပျိုးသူနှစ်ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၈ ၊ ၂၀၂၆ Zalen မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း ဘိန်းစိုက်ပျိုးသူနှစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ကြောင်း ဒေသတွင်း သတင်းများက ဒီကနေ့ဖော်ပြထားပါတယ်။ လောင်တလိုင်ခရိုင်ရဲတပ်ဖွဲ့က ခရိုင်အတွင်း ဘိန်းစိုက်ခင်းရှိကြောင်း တိုင်ကြားချက်လက်ခံရရှိပြီးနောက် ဒရုန်း အသုံးပြုပြီး ရှာဖွေမှုများပြုလုပ်ခဲ့ရာ အဆိုပါဘိန်းစိုက်ခင်းကို ...

ဆက်ဖတ်ရန်