ဟားခါး-ဂန့်ဂေါကြားမှာကားမှောက်လို့ လူ(၅)ယောက်သေဆုံး၊ (၁၃)ဦးဒဏ်ရာရ

ဟားခါး-ဂန့်ဂေါကြားမှာကားမှောက်လို့ လူ(၅)ယောက်သေဆုံး၊ (၁၃)ဦးဒဏ်ရာရ

ကလေးမြို့ သံဖိုကျေးရွာက ဆွေမျိုးမင်္ဂဆောင်ပွဲမှအပြန် ဟားခါး-ဂန့်ဂေါကြားလမ်းမှာ ဒီနေ့ ညနေ (၂)နာရီလောက်မှာ ယာဉ်တစ်စီးမှောက်လို့ လူ(၅)ဦးသေဆုံးပြီး (၁၃)ဦးဒဏ်ရာရရှိတယ်လို့ ဟားခါးအခြေစိုက် မျှော်လင့်ခြင်းသွေးလှူရှင်အသင်းထံမှ သတင်းရရှိပါတယ်။

Photo: lungtting.com

ယာဉ်တိမ်းမှောက်တဲ့နေရာကတော့ ဟားခါးမြို့နေ (၄၁)မိုင်အကွာ လန်သုပ်ကျေးရွာအနီးတွင် ချောက်ကမ်းပါးထဲထိုးသွားတာဖြစ်ပါတယ်။
သေဆုံးသူများတွင် အသက်(၇၀)နဲ့ (၇၇)နှစ်အရွယ် လင်မယားနှစ်ယောက်လည်းပါဝင်ပြီး အားလုံးဟာ ဟားခါးမြို့နယ်ဒေသခံတွေဖြစ်ကြပါတယ်။

Photo: lungtting.com

မျှော်လင့်ခြင်းသွေးလှူရှင်အသင်းဥက္ကဌ ဦးကျူံးဟူးက “မျက်မြင်တစ်ယောက်ပြောပြတာက ကားကလမ်းလယ်ကနေ ချောက်ဘက်ကိုတည့်တည့်သွားပြီးတော့ ကျသွားတယ်တဲ့။ ကားမှောက်တဲ့နေရာက လမ်းလည်းကျယ်တယ်။ လမ်းလည်းကောင်းတယ်။ ဒဏ်ရာရသူအားလုံးက စိုးရိမ်ရတဲ့အခြေအနေတော့မရှိကြဘူး။ ဒါပေမယ့် လက်ကျိုး၊ ခြေကျိုးတဲ့သူတွေတော့ရှိတယ်”လို့ပြောပါတယ်။

Zalen ad

၎င်းတို့စီးလာတဲ့ကားဟာ စကပ်ကားဖြစ်ပြီး ကားပေါ်တွင် လူ(၂၁)ယောက်လိုက်ပါကြတယ်။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဆိုင်ကယ် တစီးကို ဓာတ်ဆီ တသောင်းဖိုးသာ ရောင်းချ

မတ် ၂၄၊ ၂၀၂၆Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဓာတ်ဆီ ဈေးတွေတက်လာပြီး စက်သုံးဆီ‌ဆိုင်တွေမှာ အကန့်သတ်နဲ့သာ ရောင်းချနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာ ဓာတ်ဆီ တလီတာကို ၈ထောင်ကျော်အထိ ဈေးတက်နေပြီး ဆိုင်ကယ်တွေကို တစီးကို တသောင်းဖိုးပဲ ...

ဆက်ဖတ်ရန်