ဟားခါး-ထန်တလန်ကြားကို စစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၄

Zalen

ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များ သိမ်းပိုက်ထားတဲ့ ဟားခါး-ထန်တလန်ကြားက စစ်စခန်းများကိုပြန်လည်ရရှိနိုင်ဖို့ အကြမ်းဖက်စစ်ကောင်စီဟာ အောက်တိုဘာလ ၁၃ ရက်ကစလို့ ဝေဟင်အပြင် ခြေလျင်နဲ့ပါပြန်ပြီးတော့ ထိုးစစ်ဆင်တယ်လို့ သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ဟားခါးကနေ စစ်ကား ၇ စီးနဲ့တီမြစ်ချောင်းဘက်စစ်ကူစေလွှတ်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့ စခန်းတစ်ချို့ကိုပြန်လည်တိုက်ခိုက်နေတာဖြစ်တယ်။

အောက်တိုဘာလ ၁၃ ရက်ညနေပိုင်းကနေစလို့ လုံခါရ်တောင်ဘက်ကို အကြမ်းဖက်သမားများက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်းတပ်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီည ၁၁ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ထဲကို Y12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၅၀ ကျော်ကြဲချခဲ့သလို ထန်တလန်မြို့နယ် ကြောင်ထီးယားရွာအဝင်မှာလည်း ဂျက်ဖိုက်တာနဲ့ဗုံးတစ်လုံးကြဲချခဲ့တယ် လို့သိရပါတယ်။

“ကြောင်ထီးယားရွာက ဇိုဖေဒေသမှာရှိတယ်။ ထန်တလန်မြို့နဲ့မိုင်နှစ်ဆယ်နီးပါးအကွာမှာရှိတယ်။ ၁၃ ရက် ည ၁၂ နာရီ ဝန်းကျင်မှာ ကြောင်းထီးယားရွာအဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်တပ်ထားတဲ့နေရာကိုလာကြဲတာပါ။ ရွာအပြင်ဆို တော့ပြည်သူဒဏ်ရာရတာတွေမရှိဘူး။”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင်အကြမ်းဖက်သမားများဟာ အောက်တိုဘာလ ၁၄ ရက်မနက်ပိုင်းကစလို့ ဟားခါး-ထန်တလန်ကြားက C3 တောင်စခန်းကိုပြန်လည်ထိုးစစ်ဆင်ခဲ့ရာ မနက် ၁၀ နာရီဝန်းကျင်ကနေစလို့ ၂ နာရီခန့်ကြာအောက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက တပ်ပြန်ဆုတ်တယ်လို့သိရပါတယ်။ အဲဒါပြီးနောက် မွန်းလွဲပိုင်း မှာ အော်တိုတောင် နဲ့ C3 တောင်ကိုအကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ ဗုံး လေးလုံးကြဲချသွားတယ် လို့ သိရပါတယ်။

အောက်တိုဘာလ ၁၃ နဲ့ ၁၄ ရက်အတွင်းအကြမ်းဖက်သမားများက ဝေဟင် အပါအဝင် ဟားခါးကနေ လက်နက်ကြီးအပြင် မြေပြင်နဲ့ပါအပြင်းအထန်ထိုးစစ်ဆင်ခဲ့ပေမယ့် ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။

ချင်းပြည်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်ကစလို့ Tilin Operation – 4 ကိုစတင်ဖော်ဆောင် ခဲ့ကြပြီးတော့ ဟားခါး-ထန်တလန်ကြားက စစ်စခန်းတစ်ချို့ကိုသိမ်းပိုက်ထားသလို ထန်တလန်မြို့ထဲက စစ်ကောင်စီတပ်စွဲထားတဲ့ ခလရ ၂၆၉ အပါအဝင် လိုင်ဗီလာ၊ CB ဘဏ် နဲ့တစ်ခြားနေရာတွေကိုသိမ်းပိုက်ထားပြီး လက်ရှိမှာ ထန်တလန်မြို့တွင်း စစ်ကောင်စီခြေကုတ်ယူထားတဲ့စခန်း ၂ ခုကျန်နေသေးတယ်လို့သိရပါတယ်။

သတင်း – Abraham

နောက်ဆုံးရသတင်းများ

နယူးဒေလီမှာချင်းလူငယ်နှစ်ဦး ဓားထိုးခံရလို့ တစ်ဦးဒဏ်ရာရပြီးဖုန်းနဲ့ပိုက်ဆံအိတ် တွေပါသွား

၁၅၊ အောက်တိုဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာနေထိုင်တဲ့ ချင်းလူငယ်နှစ်ဦးဟာ အောက်တိုဘာလ ၁၃ ရက်ညပိုင်းမှာ အပြင်ထွက်ရင်း ဘယ်သူမှန်းမသိတဲ့ အိန္ဒိယနိုင်ငံသားများရဲ့တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး တစ်ဦးက ဓားဒဏ်ရာ ရသွားသလို ဖုန်းနဲ့ပိုက်ဆံအိတ်တွေ လုယက်ခံရတယ်လို့ နယူးဒေလီမြို့မှနေထိုင်တဲ့ ချင်းအမျိုးသားတစ်ဦးထံက ...

ဆက်ဖတ်ရန်