အကြမ်းဖက်စစ်တပ်ကြောင့်အောက်တိုဘာလထဲမှာ ကလေးငယ် ၃၈ ဦးအပါအဝင်ပြည်သူ ၁၂၀ နီးပါးသေဆုံးခဲ့

၁ ၊ နိုဝင်ဘာလ၊ ၂၀၂၅

Zalen

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းမှာအကြမ်းဖက်စစ်တပ်ရဲ့လက်ချက် ကြောင့် ကလေးငယ် ၃၈ ဦးအပါဝင် ပြည်သူ ၁၁၄ ဦးသေဆုံးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်သားများကူညီစောင့် ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။

အဆိုပါ သေဆုံးသူများအနက် ရှမ်းပြည်နယ်မှာ (၄၀) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ (၃၄) ဦးဖြင့် ဒုတိယ သေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့ဆိုပါတယ်။

Zalen ad

သေဆုံးသူ (၁၁၄) ဦးအနက် (၉၁)ဦးဟာစစ်အုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖြစ်ပြီးအဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၁၁၀) ဦးရဲ့ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနဲ့သူ့ရဲ့လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ဒီမိုကရေစီရေး လှုပ်ရှားသူများနဲ့ ပြည်သူစုစုပေါင်းမှာ (၇၄၂၇) ဦး ရှိခဲ့ပြီလို့လည်းဖော်ပြထားပါ တယ်။

ဒါ့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နဲ့ဆက်စပ်ပြီး ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၉၀၀) ဦးရှိပြီး ထိုအထဲမှ (၂၂၅၈၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၁၃၁၃)ဦးမှာ ထောင်ဒဏ်ချမှတ်ခံ ထားရတယ်လို့ဆိုပါတယ်။

ချင်းပြည်နယ်မှာလည်း အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလအတွင်း ကလေးငယ် ၅ ဦးနဲ့ မသန်စွမ်းတစ်ဦး အားလုံးပေါင်း ၆ ဦးအသက်ဆုံးရှုံးကာ ၄၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြပါ တယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်