အခုကစပြီးနောက်နှစ် ဇွန်လထိ အယ်လ်နီညို ဖြစ်မယ်

သာမန်ထက်အပူချိန်လွန်ကဲတဲ့ရာသီ အယ်လ်နီညိုဟာ အခုကစပြီးနောက်နှစ် ဇွန်လထိသွားမယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က 7 Day ဂျာနယ်မှာပြောသွားပါတယ်။

ဒေါက်တာထွန်းလွင်က “ရာသီဥတုအခြေအနေက အသေးစိတ်ပြောလို့တော့ မရသေးဘူး။ ဘာကြောင့်လဲဆို အယ်လ်နီညိုက ဖြစ်နေပေမယ့် အားသိပ်မကောင်းလို့။သတင်းတွေကတော့ ထူးခြားတာနဲ့ အသိပေးမယ်။ ၂၀၁၉ ဟာ ပြီးခဲ့တဲ့ နှစ်မိုးပိုနည်းနိုင်တယ်။ ရာသီဥတုက ပုံမှန်အတိုင်းတော့မရှိတာ သေချာတယ်။ များသောအားဖြင့် ဆိုးတဲ့ဘက်ကို ပါမယ်။ အယ်လ်နီညိုနှစ် ဖြစ်နေလို့ ပုံမှန်နှစ်တွေထက် အအေးပေါ့မယ်”လို့ပြောပါတယ်။

အယ်လ်နီညိုစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ (NOAA)ရဲ့ (၅-၁၁-၂၀၁၈)ရက်နေ့ထုတ်ပြန်ချက်အရ
NINO 4 SSTA = + 1.1°C EL NINO 100%
NINO 3-4 SSTA = + 1.1°C EL NINO 100%
NINO 3 SSTA = + 0.9°C EL NINO 100%
NINO 1-2 SSTA = + 0.3°C EL NINO 60%

Zalen ad

ကမ္ဘာ့မြောက်ဖက်ခြမ်းဒေသဆောင်းရာသီကာလအတွင်း ပစိဖိတ်သမုဒ္ဒရာတွင် အယ်လ်နီညိုဖြစ်ရန် သေချာမှု ၇၀-၇၅% ခန့်ရှိနေပါတယ်။ ပစိဖိတ်သမုဒ္ဒရာအနောက်ဖက်မှရေနွေးများ အရှေ့ဖက်ကမ်းခြေရောက်အောင် တိုးဝင်လာခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီရဲ့ရွေးကောက်ပွဲ အပိုင်း (၃)ကို စောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွေ ရောက်ရှိ

ဇန်နဝါရီ ၂၄၊ ၂၀၂၆Zalen ဇန်နဝါရီ ၂၅ ရက်နေ့ မနက်ဖြန် တနင်္ဂနွေနေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း ၃ နောက်ဆုံးအဆင့်ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၆ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်ကို ရောက်ရှိလာပြီလို့ စစ်ကောင်စီက ...

ဆက်ဖတ်ရန်