အဆိုတော် မိုင်ဆုန်သင်းပါရ် သမီးမွေး

နိုင်ငံကျော်အဆိုတော် မိုင်ဆုန်သင်းပါရ်ဟာ ဒီနေ့ နံနက် ၅:၁၈ နာရီမှာ ရန်ကုန်မြို့ ဝိတိုရိယဆေးရုံးမှာ သမီးလေးမွေးဖွားခဲ့တယ်လို့ ၎င်းလူမှုကွန်ရက်စာမျက်နျှာမှာရေးသားပါတယ်။

Photo: Sung Tin facebook

ဒီမနက် (30.5.2018)၅း၁၈နာရီအချိန်တွင် ကျွန်မတို့မိသားစုအတွက် ဘုရားသခင်ထံမှ အသစ်သောကောင်းချီးမင်္ဂလာခံစားရသော သမီးရတနာအား ကျန်းမာစွာဖြင့် မွေးဖွားခွင့်ပေးသော ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ရှေးဦးစွာ ချီးမွမ်းပါတယ်။ အထူးသဖြင့် ကလေးမွေးဖွားပေးရန်အတွက် ခရီးဝေးမှတကူးတကလာရောက်ခွဲစိတ်ပေးပါသော Professor Dr Saw Kale Ku နှင့် ကိုယ်ဝန်စရှီစဉ်မှစ၍မွေးဖွားသည်အထိမေတ္တာဖြင့်ကြည့်ရှုစီစဉ်ဆောင်ရွက်ပေးသောအစ်မ Dr. Nuam Sung ၊ သားJasonမှစသမီးထိတိုင်ကြည့်ရှုပေးသောကလေးအထူးကု Dr.Kay Thi Tun၊မေ့ဆေးဆရာဝန်
ProfessorDr Mi Mi Aung တို့အားအထူးကျေးဇူးတင်ရှိပါတယ်လို့ ရေးသားထားပါတယ်။

နောက်ဆုံးရသတင်းများ

ထိုင်း – ကမ္ဘောဒီးယား စစ်ရေးတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် NUG တိုက်တွန်း

၂၄ ၊ ဇူလိုင် ၊ ၂၀၂၄ Zalen လက်ရှိဖြစ်ပွားနေတဲ့ ထိုင်း – ကမ္ဘောဒီးယား စစ်ရေးအခြေအနေတင်းမာမှုကိုငြိမ်းချမ်းရေးနည်းဖြင့် အဖြေရှာကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊နိုင်ငံခြားရေး၀န်ကြီဌာနက ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ...

ဆက်ဖတ်ရန်