အမေရိကန်အစိုးရက ဒုက္ခသည်လက်ခံဦးရေ ၇,၅၀၀ သာ ခွင့်ပြု၊ အာဖရိကလူဖြူများကို ဦးစားပေး

အောက်တိုဘာ ၃၁၊ ၂၀၂၅

Zalen

အမေရိကန်အစိုးရ ဟာ ၂၀၂၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံတွင်းသို့ ဝင်ရောက်ခွင့်ပြုမည့် ဒုက္ခသည်ဦးရေ အများဆုံးကန့်သတ်ချက်ကို ၇,၅၀၀ ဦးသာ ခွင့်ပြုဖို့ သတ်မှတ်လိုက်ပါတယ်။

ဒါဟာ ၁၉၈၀ ပြည့်နှစ်မှာ ဒုက္ခသည်အစီအစဉ် စတင်ခဲ့ချိန်မှစ၍ သမိုင်းတစ်လျှောက် အနိမ့်ဆုံး ပမာဏဖြစ်ကြောင်း အမေရိကန် မီဒီယာများက ဖော်ပြပါတယ်။

သမ္မတ ဒေါ်နယ်လ် ထရမ့် မှ ချမှတ်လိုက်တဲ့ ၎င်းဆုံးဖြတ်ချက်ဟာ ယခင် သမ္မတ ဂျိုး ဘိုင်ဒင် လက်ထက် ၂၀၂၄ ဘဏ္ဍာနှစ်မှာ သတ်မှတ်ခဲ့တဲ့ ၁၀၀,၀၀၀ ကျော်မှ သိသိသာသာ လျှော့ချလိုက်တာဖြစ်ပါတယ်။

အစိုးရရဲ့ ထုတ်ပြန်ချက်အရ လက်ခံမယ့် ၇,၅၀၀ ဦးမှာ အများစုကို တောင်အာဖရိကမှ လူဖြူများကို ဦးစားပေးနေရာချထားမည်ဖြစ်ပါတယ်။

သမ္မတ ထရန့်က အာဖရိကလူဖြူတွေဟာ ၎င်းတို့ရဲ့ နေရင်းနိုင်ငံမှာ လူမျိုးရေးဆိုင်ရာ ဖိနှိပ်မှုများ ခံစားနေရသောကြောင့်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် နေရင်းနိုင်ငံတွေမှာ “မတရားသော သို့မဟုတ် တရားမဝင်သော ခွဲခြားဆက်ဆံခြင်းရဲ့ သားကောင်များ” ဖြစ်တဲ့ အခြားဒုက္ခသည်များကိုလည်း ၎င်းအစီအစဉ်မှာ ထည့်သွင်းစဉ်းစားသွားမယ်လို့ သိရပါတယ်။

ဒုက္ခသည်အရေအတွက်ကို အနိမ့်ဆုံးအထိ လျှော့ချလိုက်ခြင်းအပေါ် ဒုက္ခသည်အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။

လူ့အခွင့်အရေးအဖွဲ့များ က ၎င်းဆုံးဖြတ်ချက်ဟာ ကမ္ဘာတစ်ဝန်းရှိ စစ်ပွဲနဲ့ အကြမ်းဖက်မှုများမှ ထွက်ပြေးလာသူများအပေါ် အမေရိကန်ရဲ့ တာဝန်ဝတ္တရားကို စွန့်လွှတ်လိုက်ခြင်းဖြစ်ပြီး “လူသားချင်းစာနာထောက်ထားမှုထက် နိုင်ငံရေးကို ဦးစားပေးသော လုပ်ရပ်” အဖြစ် ရှုတ်ချခဲ့ပါတယ်။

တောင်အာဖရိကအစိုးရ ဘက်ကမူ အမေရိကန်အစိုးရရဲ့ အာဖရိကလူဖြူများ ဖိနှိပ်ခံနေရသည်ဟူသော အဆိုကို ပြင်းထန်စွာ ငြင်းဆိုထားပါတယ်။

ဒါ့အပြင်၊ ဒုက္ခသည်များကို ကူညီထောက်ပံ့ရေး အစီအစဉ်များရဲ့ ကြီးကြပ်မှုကို နိုင်ငံခြားရေးဝန်ကြီးဌာန မှ ပြည်တွင်း ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုဌာန သို့ ပြောင်းရွှေ့ရန် စီစဉ်နေခြင်းသည်လည်း မူဝါဒဆိုင်ရာ အပြောင်းအလဲများရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

၎င်း ဒုက္ခသည်လက်ခံရေး အများဆုံးကန့်သတ်ချက်ကို လျှော့ချလိုက်ခြင်းဟာ နှစ်ပေါင်းများစွာ နှစ်ပါတီစလုံးရဲ့ ထောက်ခံမှုဖြင့် တည်ဆောက်ခဲ့သော အမေရိကန်ရဲ့ ရိုးရာ ဒုက္ခသည်လက်ခံရေး အခန်းကဏ္ဍကို လုံးဝပြောင်းလဲပစ်လိုက်ခြင်း ဖြစ်ပါတယ်။

သတင်း-ဆလိုင်း

နောက်ဆုံးရသတင်းများ

အာဆီယံ ဥက္ကဋ္ဌဖြစ်လာပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု လျှော့နည်းလာတယ်လို့ မလေးရှားအစိုးရ ပြော

နိုဝင်ဘာ ၄၊ ၂၀၂၅ Zalen မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့နည်းလာကြောင်း မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေတုခ်ဆရီ မိုဟာမက် ဟာဆန် က ပြောဆိုထားပါတယ်။ ဒါဟာ မလေးရှားက အာဆီယံ ဥက္ကဋ္ဌဖြစ်လာပြီးကတည်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ...

ဆက်ဖတ်ရန်