အမေ့လျော့ခံ မဟာမိတ်စစ်သားများ ရုပ်သံမှတ်တမ်းကို ဖလမ်းမြို့တွင်ဆက်လက်ပြသမယ်

ဒုတိယကမ္ဘာစစ်ကာလ ချင်း၊ ကရင် စစ်သားများအကြောင်းရိုက်ကူးထားတဲ့ အမေ့လျော့ခံ မဟာမိတ်စစ်သားများ – ဗမာပြည်မှ သူရဲကောင်းများ ရှာဖွေခြင်း ဆိုတဲ့ ရုပ်သံမှတ်တမ်း (documentary) ကို
ဖလမ်းမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂)ရက် မနက် (၁၀း၃၀)တွင် YCC ခန်းမ၌ပြသသွားမှာဖြစ်ပါတယ်။

ယင်းရုပ်သံမှတ်တမ်းကို ကလေးမြို့၌ ဒီဇင်ဘာလ (၃၀)ရက်တွင် ပြသပြီး ပရိသတ် (၄၅)ဦးက လာရောက်ကြည့်ရှုကြပါတယ်။

ပွဲစီစဉ်သူ ဆလိုင်းဗန်ကျူံးလျန် (ယူကေ)က “ဖလမ်းမှာပြမယ့်ပွဲလည်း ကျနော်ကိုယ်တိုင်စီစဉ်တာလို့ပြောလို့ရပါတယ်။ ဖလမ်းက ဆရာထောင်းဘိတ်ကိုဖုန်းဆက်ပြီး သူက CISS (Chin Institute of Social Science) ကျောင်းသူ၊သားတွေက တာဝန်ယူမယ်ဆိုလို့ ပွဲဖြစ်မြောက်နိုင်တာပါ။ သူတို့ကပဲ ခန်းမနေရာတွေ၊ ဧည့်သည်တွေဖိတ်ကြားတာတွေတာဝန်ယူကြတယ်။ တခြားမြို့ကနေ ဒီရုပ်သံကိုပြဖို့ဖိတ်ခေါ်မယ်ဆိုရင်တော့ ကျနော်က ဇန်နဝါရီ (၆)ရက်ပြန်သွားရမယ်ဆိုတော့ အချိန်မရှိတော့ဘူး။ ပြီးတော့ ဒီရုပ်သံကို စီဒီနဲ့ကူးပြီးထားခဲ့မယ်ဆိုရင်လည်း ရုပ်သံပိုင်ရှင်တွေရဲ့ခွင့်ပြုချက်အရယူရမယ်။ ကျနော်ထင်တယ် သူတို့ကတော့ စီဒီနဲ့ကူးတာထက်လိုင်းပေါ်က သူတို့တင်ထားတာကိုသွားကြည့်စေချင်မှာ။ Netfix မှာတော့တင်တယ်။ ဒါပေမယ့် ပိုက်ဆံပေးမှပဲကြည့်ရတော့ ဒီဘက်ကလူတွေတွက် အဆင်ပြေမှာမဟုတ်ဘူး” လို့ပြောပါတယ်။

ယူကေနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ဇွန်လ (၁၂)ရက်က ရုံတင်ပြသထားပြီး ကမ္ဘာနာမည်ကြီး သမိုင်းရုပ်သံလှိုင်းဖြစ်တဲ့ History Hit Channel ကလည်း ပြသထားပြီးဖြစ်ပါတယ်။ ယင်းရုပ်သံမှတ်တမ်းကို အရင်က Youtube ပေါ်က History Hit channel တင်ထားပေမယ့် ဒီနေ့ရှာကြည့်တဲ့ခါမှာ မတွေ့ရပါ။

Zalen ad

ဒီရုပ်သံမှတ်တမ်းဟာ Grammar Productions ကနေ မှတ်တမ်းတင်ထားတာဖြစ်ပြီး ဒီရုပ်သံမှတ်တမ်း ဖြစ်မြောက်နိုင်ရန်အတွက် ရံပုံငွေတွေရှာပြီး ချင်းပြည်နယ်၊ ကရင်ပြည်နယ် နဲ့ မြန်မာပြည်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

MNDAA က TNLA ထိန်း ချုပ်ထားတဲ့ရွာတွေက အမျိုးသားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေပြော

မတ် ၂၀ ၊၂၀၂၆ Zalen ကိုးကန့်တပ် Myanmar National Democratic Alliance Army(MNDAA) က တအောင်း Ta’ang National Liberation Army(TNLA) ထိန်းချုပ်ထားတဲ့ကျေးရွာတွေက အမျိုးသားတွေကို ဖမ်းဆီးချုပ်နှောင်ထားတာရှိတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။ ...

ဆက်ဖတ်ရန်