မတ် ၁၁၊ ၂၀၂၆

Zalen
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်သုံ့ပန်း အကျဥ်းစခန်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ပြီး စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် (ULA/AA) က ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂ မိနစ်မှ မွန်းလွဲ ၂ နာရီ ၂၈ မိနစ်အထိ အမ်းမြို့နယ်၊ ဒါးလက်ချောင်းရှိ စစ်သုံ့ပန်းစခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၄ စီး၊ Y-12 လေယာဉ် ၄ စီးတို့နဲ့ မရပ်မနားဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအရာရှိ အပါအဝင် စစ်သုံ့ပန်း (၁၁၆) ဦး အစုလိုက်အပြုံလိုက်သေဆုံးပြီး အပြင်းစား၊ အလတ်စား ဒဏ်ရာရရှိသူ ၃၂ ဦးရှိတယ်လို့ သိရပါတယ်။
ပြစ်ဒဏ်ကျခံနေရတဲ့ အရပ်သားပြည်သူအချို့လည်း သေဆုံးဒဏ်ရာရရှိမှုများ ရှိပြီး သေဆုံးသွားသော အလောင်းအချို့မှာ ခန္ဓာကိုယ်အစိတ်အပိုင်းများ ပျောက်ဆုံးပျက်စီးသွားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုဖို့ ခက်ခဲနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်အစပ်ရှိ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းစခန်းတခုကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။
သတိပြုရန် — အောက်ပါဓာတ်ပုံတွင် အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများရဲ့ စိုးရိမ်ဖွယ်မြင်ကွင်းများ ပါဝင်နိုင်ပါသည်။ Viewer discretion advised.
သတင်း-ဆလိုင်း
ဓာတ်ပုံ-AA Info Desk
#ရခိုင်ပြည်နယ်#အမ်းမြို့နယ်#စစ်သုံ့ပန်း #အကျဥ်းစခန်း#စစ်ကောင်စီ# ဗုံးကြဲ#ULA/AA#Zalen
















