အောက်တိုဘာ ၁၈၊ ၂၀၂၅
Zalen
ယိုးဒယား-မြန်မာစစ်ပွဲအတွင်း အင်းဝကို စစ်သုံ့ပန်းအဖြစ်ခေါ်ဆောင်ခံရတဲ့ အယုဒ္ဓယတို့ရဲ့ မျိုးဆက် ခုနှစ်ခုမြောက် နောက်ဆုံး လက်ကျန် မျိုးဆက်တွေဟာ အယုဒ္ဓယကို အောက်တိုဘာ ၁၇ ရက်နေ့မှာ ပြန်လည်ရောက်ရှိလာပါတယ်။
အယုဒ္ဓယသားတို့ရဲ့ မျိုးဆက်တွေ ပြန်လည်တွေ့ဆုံရေးအစီအစဉ်ကို ထိုင်းသမိုင်းပညာရှင် ပန်နာပတ် ခမ်နုအန်း က ဦးဆောင်စီစဉ်ခဲ့တာပါ။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဆူးခါးရွာကခေါ်ဆောင်လာရာမှာတော့ သုခ ရွာက ကျောင်းထိုင်ဆရာတော် ဉီးမာဃန ရွာလူကြီး ဉီးဇော်ဝင်း အသက် ၈၃ နှစ်အရွယ် အဖွားဒေါ်တင်ထွေးနဲ့ ဒေါ်တင်ညွန်တို့ဟာ အယုဒ္ဓယကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
သူတို့ဟာ ၁၇၆၇ ခုနှစ် အယုဒ္ဓယ ကျဆုံးပြီး အင်းဝကို စစ်သုံ့ပန်းအဖြစ် ခေါ်ဆောင်သွားခံရတဲ့ အယုဒ္ဓယတို့ရဲ့ မျိုးဆက်တွေဖြစ်သလို နှစ်ပေါင်း ၂၆၀ ကြာမှ ဘိုးဘွားများထံ ပြန်လည် ရောက်ရှိတာလည်း ဖြစ်ပါတယ်။
မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ တဆင့် ဒွန်မောင်းလေဆိပ်ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပြီး အဲဒီကနေ တစ်ဆင့် အယုဒ္ဓယကို ခရီးဆက်ခဲ့ကြတာဖြစ်ပါတယ်။
အယုဒ္ဓယကို မြေကို ပထမဆုံး ထိတွေ့ခွင့်ရတာဟာ မြို့စောင့်နတ်နန်းဖြစ်ပြီး ကားပေါ်ကနေ မြေပေါ်ကို စဆင်းချိန်မှာ ကားပေါ်က ပါလာတဲ့ လူတိုင်းဟာ ဘိုးဘွားမြေကို ထိတွေ့ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ စိတ်လှုပ်ရှားပြီး မျက်ရည်များ ဝဲ နေခဲ့ကြပါတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီနောက် ဘုရားကျောင်းထဲကို ဝင်ရောက်ခဲ့ကြပြီး ရှိခိုးပူဇော်ကန်တော့ကြပြီး တခြားအရေးကြီးတဲ့ ရှေးဟောင်းအထိမ်းအမှတ်နေရာ ဖြစ်တဲ့ Wat Phra Ram ကိုသွားရောက်ကာ သမိုင်းဝင်ပန်းခြံအတွင်းရှိ သမိုင်းဝင်နေရာတွေကို သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရပါတယ်။
အဖွား ဒေါ်တင်ထွေးကတော့ အယုဒ္ဓယကို သူမ ရောက်လာတာအတွက် လွန်စွာဝမ်းမြောက်ပြီး စကားမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။
သူမရဲ့ အဖိုးအဖွားတွေဟာ အယုဒ္ဓယက လာခဲ့ကြတာဖြစ်ပြီး မြန်မာပြည်မှာ မရှိတဲ့ ရိုးရာ သက်ြန်ကာလအတွင်း သဲပုံစီတီ တည်တာမျိုး တွေပြုလုပ်ကြတယ်လို့ ဆိုပါတယ်။
အယုဒ္ဓယရဲ့ ၁ ဆက်မြောက် ၂ ဆက်မြောက် ၃ ဆက်မြောက် မျိုးဆက်တွေဟာ ပုံပြင်တွေကို ဆက်လက် လက်ဆင့်ကမ်းခဲ့ပေမယ့် လက်ရှိ ၇ ဆက် မြောက်မျိုးဆက်ဟာ ဘိုးဘွားဘီဘင်တွေထံက တိုက်ရိုက် ကြားနာခွင့်ရတဲ့ နောက်ဆုံးမျိုးဆက်လို့ ဆိုနိုင်ကြောင်း ပန်နာပတ် ခမ်နုအန်း က ပြောပါတယ်။
ကိုးကား – Khaosod
Helen