အလှမယ် သူဇာဝင့်လွင်ကို အမေရိကန်ရောက် ချင်းတိုင်းရင်းတွေက ဂုဏ်ပြု

Miss Universe ပြိုင်ပွဲကြီးမှာ ချင်းရိုးရာ ဝတ်စုံနဲ့ “Best National Costume” ဆုကို ရရှိတဲ့ အလှမယ် သူဇာဝင့်လွင်ကို အမေရိကန် Florida မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေက ဂုဏ်ပြုပွဲလုပ်ပေးကြတယ်လို့ သူဇာဝင့်လွင်က ၎င်းလူမှုကွန်ယက်စာမျက်နှာမှာဖော်ပြထားတယ်။

အလှမယ် သူဇာဝင့်လွင်က “Florida မှာရှိတဲ့ချစ်ရတဲ့ချင်းလူမျိုးတွေကသူဇာ့ကိုဂုဏ်ပြုပွဲလေးပြုလုပ်ပေးပီး အားပေးစကားတွေရော လိုအပ်ရင်သုံးဖို့တွေရောပေးတဲ့အတွက်အရမ်းဝမ်းသားပြီးကျေးဇူးလဲအရမ်းတင်ပါတယ်။ ပွဲမှာလိုအပ်တဲ့အရာတွေအခက်အခဲတွေရော ပီးတော့ NC winner ရတာလဲချင်းလူမျိုးတွေရဲ့ကျေးဇူးတွေကြောင့်ပါပဲ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်” လို့ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ ၆၉ ကြိမ်မြောက် Miss Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ အလှမယ် သူဇာဝင့်လွင်ဟာ ၎င်းဝတ်ဆင်ဖို့ပြင်ဆင်ထားတဲ့ဝတ်စုံဟာ အချိန်မီမရောက်လာနိုင်တာကြောင့် Florida ပြည်နယ်မှာရှိတဲ့ ချင်းတိုင်းရင်းသားတွေကို အကူအညီတောင်းကာ ချင်းရိုးရာနဲ့ဝင်ပြိုင်ခဲ့ပါတယ်။ ၎င်းဟာ Miss Myanmar ပြိုင်ပွဲမှာလည်း ဟားခါးမြို့ကိုယ်စားပြုပြီးယှဉ်ပြိုင်တာပါ။

သူဟာ စင်မြင့်ပေါ်မှာ မြန်မာပြည်အတွက် ဆုတောင်းပါ ဆိုတဲ့အင်္ဂလိပ်လိုရေးထားတဲ့စာကို ကိုင်ဆောင်တာကြောင့် ကမ္ဘာရဲ့စိတ်ဝင်စားမှုခံခဲ့ပါတယ်။ သူဟာ မြန်မာပြည်ကနေ ထွက်ခွာတဲ့ချိန်မှာပဲ စစ်အာဏာရှင်တွေရဲ့ ဝရမ်းထုတ်ခံရတာကြောင့် မြန်မာပြည် ပြန်ဝင်လာဖို့ အခက်အခဲရှိပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက လမ်းတွေပိတ်ထားလို့ ကလေးမြို့နယ်က စစ်ရှောင်တွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၂၊ ၂၀၂၅Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နဲ့ ကျေးရွာတွေကို ဆက်သွယ်ထားတဲ့လမ်းမကြီးတွေကို ပိတ်ဆို့မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အောက်တိုဘာလကတည်းက အင်အားသုံးပြီး ကလေးတောင်ပိုင်းနဲ့ မြောက်ပိုင်းက ...

ဆက်ဖတ်ရန်