အာဆီယံမှာ ပထမဆုံးအကြိမ်အဖြစ် တီမောလက်စတေက မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲဆို

ဖေဖော်ဝါရီ ၃၊ ၂၀၂၆။

တီမောလက်စတေနိုင်ငံ တရားစီရင်ရေး အာဏာပိုင်တွေဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုမှုတွေကို တရားဝင် စတင်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

Zalen ad

ဒါဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အခြားအဖွဲ့ဝင်နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ တရားစွဲဆိုတဲ့ပထမဆုံးသော သမိုင်းဝင်ဖြစ်ရပ်ဖြစ်လာပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က လွန်ခဲ့သော နှပတ်ခန့်က တီမောအာဏာပိုင်များထံ တင်ပြခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာ မှတ်တမ်းအထောက်အထားတွေကို စစ်ဆေးဖို့ တီမောနိုင်ငံ အကြီးတန်းရှေ့နေတဦးကို တာဝန်ပေးအပ်ခဲ့တာပါ။

CHRO အမှုဆောင်ဒါရိုက်တာ Salai Za Uk က “ဒီလုပ်ဆောင်ချက်ကို ကျွန်တော် ကြိုဆိုပါတယ်။ တီမောပြည်သူတွေဟာ သူတို့ရဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့ရတဲ့ သမိုင်းကြောင်းအရ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို စာနာနားလည်ပြီး စည်းလုံးညီညွတ်စွာ ရပ်တည်ပေးတာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

အဲဒီ တင်ပြထားတဲ့ ရက်စက်ကြမ်းကြုတ်မှု အထောက်အထားတွေ တရားစွဲဆိုရာမှာ အဓိကအချက်အလက်တွေအဖြစ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို ခင်ပွန်းဖြစ်သူရှေ့မှာ အုပ်စုလိုက် မုဒိမ်းကျင့်ခဲ့မှုတို့ ပါဝင်ပါတယ်။

ဒါ့အပြင် သတင်းထောက်တဦးနဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် လူ ၁၀ ဦးကို လည်လှီးသတ်ဖြတ်ခဲ့မှု၊ ခရစ်ယာန်သင်းအုပ်ဆရာနဲ့ ဓမ္မဆရာ (၄) ဦးကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုနဲ့ ဘုရားကျောင်းတွေကို တိုက်ခိုက်မှု၊ ဆေးရုံတစ်ခုကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဝန်ထမ်းနဲ့ လူနာ ၈ ဦး သေဆုံးခဲ့မှုတို့ဖြစ်ပါတယ်။

တရားစွဲဆိုမှုဟာ စစ်တပ်က အာဏာသိမ်းမှု ၅ နှစ်ပြည့်တဲ့ အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ နိုင်ငံရဲ့ နယ်မြေ ၄၀ ရာခိုင်နှုန်းခန့် ကိုသာ ထိန်းချုပ်နိုင်တော့တယ်။

နိုင်ငံတကာ နယ်စပ်ဂိတ်များစွာနဲ့ နယ်မြေအမြောက်အမြားကို လက်လွတ်ထားရပါတယ်။

ကုလသမဂ္ဂက ၎င်းတို့ရဲ့ အုပ်ချုပ်မှုကို “အကြမ်းဖက်မှု အုပ်ချုပ်မှု” ဟု တရားဝင် သတ်မှတ်ထားပါတယ်။

CHRO ကို ကိုယ်စားပြုသည့် တီမောရှေ့နေ Jose Teixeira က တီမောတရားစီရင်ရေးစနစ်ဟာ လွတ်လပ်ပြီး ပြင်ပစွက်ဖက်မှုတွေကို လက်ခံမည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့ပါတယ်။

ထို့အတူ Myanmar Accountability Project (MAP) မှ ဒါရိုက်တာ Chris Gunness ကလည်း “ဒါဟာ မြန်မာပြည်သူတွေရဲ့ တရားမျှတမှုခရီးစဉ်အတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုပါ။ အာဏာရှင်တွေကို တာဝန်ခံမှုရှိစေရမယ်ဆိုတဲ့ အားကောင်းတဲ့ သတိပေးချက်ကို ပေးပို့လိုက်တာဖြစ်ပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

သတင်း-ဆလိုင်း

ဓာတ်ပုံ-CHRO

#တီ​မော#CHRO#တရားစွဲ#စတင်#Zalen

နောက်ဆုံးရသတင်းများ

တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂရမ်မီဆုရရှိမှုအပေါ် တရုတ်အစိုးရ ပြင်းထန်စွာကန့်ကွက်

ဇန်နဝါရီ ၃၊ ၂၀၂၆ Zalen တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အသံစာအုပ်တပုဒ် ဂီတလောကရဲ့ အမြင့်ဆုံးဆု ဖြစ်တဲ့ ဂရမ်မီ ဆု ဆွတ်ခူးရရှိခဲ့မှုအပေါ် တရုတ်အစိုးရက ယမန်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြင်းပြင်းထန်ထန် ကန့်ကွက်တုံ့ပြန်လိုက်ပါတယ်။ ...

ဆက်ဖတ်ရန်