အာဆီယံ ဥက္ကဋ္ဌဖြစ်လာပြီးနောက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု လျှော့နည်းလာတယ်လို့ မလေးရှားအစိုးရ ပြော

နိုဝင်ဘာ ၄၊ ၂၀၂၅

Zalen

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့နည်းလာကြောင်း မလေးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေတုခ်ဆရီ မိုဟာမက် ဟာဆန် က ပြောဆိုထားပါတယ်။

ဒါဟာ မလေးရှားက အာဆီယံ ဥက္ကဋ္ဌဖြစ်လာပြီးကတည်းက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ သိသိသာသာ လျော့နည်းသွားတာလို့လည်း ဆိုထားပါသေးတယ်။

Zalen ad

နိုင်ငံခြားရေးဝန်ကြီးက အဆီယံ ရဲ့ ငါးချက်ပါသဘောတူညီချက် အောက်ရှိ ထိတွေ့ဆက်ဆံမှုများကဲ့သို့သော ရည်မှန်းချက်တွေမှာပြည့်မီပြီ လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်းရှိ ပြည်တွင်းစစ် က ဆက်လက်ပြဿနာတစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေတုခ်ဆရီ မိုဟာမက် ဟာဆန် က ပြောပါတယ်။

“ခုလိုအပ်နေတာက အကြမ်းဖက်မှု အဆုံးသတ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရေးပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် “အဲဒီမှာ အနှောင့်အယှက်တွေ ရှိနေပါတယ်။ အနှောင့်အယှက်က အစိုးရကြောင့်ချည်းမဟုတ်ဘဲ တိုင်းရင်းသားအချင်းချင်း ပဋိပက္ခ ကြောင့်လည်း ဖြစ်ပါတယ်” လို့ ဆိုပါသေးတယ်။

မြန်မာနိုင်ငံပြည်တွင်းစစ်ရဲ့ အခြေအနေမှာ ကမ္ဘောဒီးယား-ထိုင်း ပဋိပက္ခနဲ့ ကွဲပြားကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

အစောပိုင်း ထိတွေ့ဆက်ဆံမှုတွေမှာ တိုက်ပွဲဝင်အဖွဲ့များ သဘောထားချင်း မတိုက်ဆိုင်ခဲ့ပေမဲ့ အကြိမ်ပေါင်းများစွာ ဆွေးနွေးပြီးနောက် အခြေအနေမှာ ကောင်းမွန်စွာ တိုးတက်လာကြောင်း ဆိုပါတယ်။

၎င်းတို့ရဲ့ ဆန္ဒစာရင်းကို မလေးရှားက မှတ်သားထားပြီး မြန်မာစစ်အစိုးရထံသို့ ပေးပို့ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မြန်မာအတွက် အာဆီယံ ငါးချက်ပါသဘောတူညီချက် ဟာ အကြမ်းဖက်မှုချက်ချင်း ရပ်တန့်ရန်၊ ဘက်မလိုက်သော အမျိုးသားရေးဆွေးနွေးပွဲ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနဲ့ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်အတွက် လမ်းပြမြေပုံကို ချမှတ်ထားတယ်လို့ လွတ်တော်အမတ် အာမက် တာမီဇီ ဆူလိုင်မန် ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

သတင်း-အယိုက်လင်း

ကိုးကား- The Star

နောက်ဆုံးရသတင်းများ

မြန်မာ အပါအဝင် နိုင်ငံ လေးနိုင်ငံကို UK က သင်ကြားရေးဗီဇာ ပိတ်

မတ် ၄၊ ၂၀၂၆Zalen မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆူဒန်နဲ့ ကင်မရွန်းစတဲ့ လေးနိုင်ငံကို သင်ကြားရေးဗီဇာ (Study Visa) ပေးတာရပ်ဆိုင်းလိုက်တယ်လို့ ယူကေအစိုးရက ထုတ်ပြန်ပါတယ်။ အဲဒီ နိုင်ငံတွေကနေ သင်ကြားရေးဗီဇာ (Study Visa)နဲ့လာပြီး နိုင်ငံရေးခိုလှုံသူတွေများလာတာကြောင့် ...

ဆက်ဖတ်ရန်