အာဏာသိမ်း သုံးနှစ်အတွင်း မြေမြှုပ်မိုင်းကြောင့် ချင်းပြည်နယ်မှာ ၃၃ဦး သေဆုံးပြီး ၅၂ဦး ဒဏ်ရာရ

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ဖေဖော်၀ါရီလဆန်းပိုင်းအထိ အာဏာသိမ်းသုံးနှစ်အတွင်းမှာ ချင်းပြည်နယ်မှာ မြေမြှုပ်ကြောင့် ‌သေဆုံးသူ ၃၃ ဦးအထိ ရှိလာပြီး ဒဏ်ရာရရှိသူ ၅၂ဦးအထိ ရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHROရဲ့ စာရင်းအရ သိရပါတယ်။

မြေမြှုပ်မိုင်းကြောင့် သေဆုံးသူတွေထဲမှာ ကလေး ငါးဦးထက်မနည်းပါ၀င်ပြီး ဒဏ်ရာရသူတွေထဲ ကလေး လေးဦးထက်မနည်း ပါ၀င်တယ်လို့ ဆိုပါတယ်။

Zalen ad

” အာဏာသိမ်း ကာလ သုံးနှစ်အတွင်းမှာ ကျွန်တော်တို့ CHROက အတည်ပြုနိုင်တဲ့ စာရင်းအရ သေဆုံးတာ ၃၃ ဦးဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ခြေထောက်ဖြတ်တောက်ရပြီး ဒုက္ခိတဖြစ်သွားတဲ့သူတွေအပါအ၀င် ၅၂ဦး ရှိပါတယ်။ ” လို့ CHROရဲ့ စီမံမန်နေဂျာ ဆလိုင်းမန်ဟဲရဲလျန်က ပြောပါတယ်။

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးအဖွဲ့တွေအကြား တိုက်ပွဲတွေ ပိုပြင်းထန်လာတာအမျှ ချင်းဒေသခံတွေဟာ မြေမြှုပ်မိုင်းအန္တရာယ်ကို ပိုပြီး ရင်ဆိုင်ကြုံတွေ့လာရပါတယ်။

ဖေဖော်ဝါရီ ၄ရက်နေ့မှာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီ ခလရ ၂၇၄ တပ်ရင်းအနီးက ခြံ၀န်းတစ်ခုမှာ မြေမြှုပ်မိုင်းနင်းမိလို့ အသက် ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦး ခြေထောက် ဖြတ်တောက်ခဲ့ရပြီး အသက် ၁၂နှစ်အရွယ် ယောက်ျားလေးတစ်ဦး ‌နောက်ကျောဘက် ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာမှာ ဇန်နဝါရီ ၂၆ရက်နေ့က အသက် ၅၀ ၀န်းကျင်အရွယ် အမျိုးသားတစ်ဦးဟာ နွားနောက်သွားရှာရင်း မိုင်းနင်းမိလို့ ခြေ‌တစ်‌ဖက် ဖြတ်တောက်ခဲ့ရပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

လေးလအတွင်း တိုက်ပွဲတွေမှာ CDF KKG တပ်စုမှူးအပါအဝင် ၁၂ ဦး ကျဆုံး

ဇန်နဝါရီ ၁၆၊ ၂၀၂၆ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ချင်းကာကွယ်ရေးတပ် ကလေး- ကဘော်- ဂန့်ဂေါ (CDF KKG ) အဖွဲ့ရဲ့ တပ်စုမှူး အပါအ၀င် ရဲဘော် ၁၁ ...

ဆက်ဖတ်ရန်