အိန္ဒိယနယ်စပ်အနီး မြန်မာရဲကင်းစခန်း မီးလောင်မှုဖြစ်ပွား

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် နန်းဖာလုံအနီးတွင် မနေ့ည (၉)နာရီခန့်တွင် ရဲကင်းစခန်းမီးလောင်သွားတယ်လို့ ကနဦးသတင်းရရှိပါတယ်။

ရဲကင်းစခန်းရှိတဲ့နေရာကတော့ ချောက်နက်ကြီးရွာလို့သိရပြီး တမူးမြို့နဲ့ ၂ မိုင်ခန့်ဝေးပါတယ်။ အိန္ဒိယနဲ့ပိုနီးပြီး ချင်း(ကူကီး)တိုင်းရင်းသားတွေ နဲ့ နှစ်ဖက်နိုင်ငံက လက်နက်ကိုင်တွေကြီးစိုးတဲ့နေရာလည်းဖြစ်ပါတယ်။

မတ်လ (၂၅)ရက်ညက တမူးမြို့တွင် စစ်တပ်နဲ့ ရဲက ပြည်သူတွေကို ပစ်ခတ်လို့ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တို့ တိုက်ပွဲဖြစ်

အောက်တိုဘာ ၃၀၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာမှာ အောက်တိုဘာ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ CDF CDM Siyin တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်းမှာ ချင်းတော်လှန်ရေးတပ်ဘက်က တစ်ဦး ...

ဆက်ဖတ်ရန်