အိန္ဒိယမှာ ကျမ်းစာကျောင်းတက်မယ့်သူတွေတွက် သတိထားသင့်သောအချက်

Written by Min Thang

ခေတ်မကောင်းတော့ ချင်းလူငယ်တွေ အိန္ဒိယမှာ ခရစ်ယာန် သမ္မာကျမ်းစာကျောင်းတက်တဲ့သူများလာတယ်။ အိန္ဒိယ ကျမ်းစာကျောင်းတိုင်းလိုလိုအထူးသဖြင့် mission ကျောင်း၊ ကျောင်းသေးသေးလေးတွေမှာ အိန္ဒိယနိုင်ငံသားထက် ချင်း (မြန်မာပြည်) ကလူပိုများတယ်လို့ကြားသိရတယ်။ တချို့လူငယ်‌ေတွကဘယ်လိုမျိုးကျောင်းတက်ရင်ကောင်းမှာလည်းဆိုတာမသိကြလို့ဒီစာကိုရေးသားခြင်းဖြစ်တယ်။

ငွေရေးကြေးရေးမတတ်နိုင်တဲ့သူအတွက်တော့မဆိုလိုဘူး။ ဘယ်လိုမျိုးကျောင်းပဲတက်တက်ပေါ့။ ဒါပေမဲ့ငွေကြေးနည်နည်းတတ်နိုင်တဲ့သူအတွက်တော့ secular University မတက်နိုင်ရင်တောင် Accredited/affiliated‌ ကောင်းနှင့် academic ကိုဦးစားပေးတဲ့‌ကျမ်းစာကျောင်းတက်စေချင်တယ်။ အိန္ဒိယမှာ စာရေးသူ ၇ နှစ်ကျော်‌‌ေကျာင်းတက်ခဲ့တယ်။ Bible College (private mission) ကျောင်းမှာလည်းတက်ဖူးတယ်။ များသောအားဖြစ် Mission (Private College) ကျမ်းစာကျောင်းတွေမှာ qualified ဆရာ၊မ မရှိသလို ကျောင်း syllabus တောင်မရှိဘူး။ သူတို့ library မှာလည်းစာအုပ်စာပေကောင်းကောင်းမရှိဘူး။ ကျမ်းစာတွေကိုအလွတ်ကျက်ခိုင်းတယ်။ မဟုတ်ရင် စာတွေကို အလွတ်ကျက်ခိုင်းတယ်။

ဒါ‌ေကြာင့်ဖြစ်နိုင်ရင် ကျမ်းစာ‌ကျောင်းတက်တဲ့သူတွေလည်း political theology, history, education, sociology, psychology, religious studies major များများလေ့လာစေချင်တယ်။ အထူးသဖြစ် Serampore University affiliates ကျောင်းအောက်မှာကျောင်းတက်‌ေနတဲ့သူတွေ B.D မှာ Thesis ရေးစေချင်တယ်။ တချို့က Thesis မရေးပဲ အပို subject (ဘာသာ) ယူကြတယ်။ စာရေးသူ ကိုယ်တိုင်လည်း ၂၀၀၈ မှာ ဘုမသိဘမသိနဲ့ Banglore ကျမ်းစာကျောင်းတက်ဖို့ရောက်တယ်။

ထိုနောက် မထမနှစ်က Bible College (Private college) Banglore မှာကျောင်းတက်ပြီး‌ေတာ့ ဒုတယနှစ်မှာ Serampore University တက်ဖို့‌ေပြာင်းသွားတယ်။ Serampore University မှာ B.Th နှင့် B.D (M Div) ပြီးတယ်။ အစမှာတော့မြန်မာပြည်ကလူဆို‌ေတာ့စာမရဘူး။ နောက်ဆုံးနှစ်မှာတော့ ကျောင်းမှာစာ‌ေပဆုရခဲ့တယ်။ ဒီလိုပြောခြင်း ဝါကြွတာမဟုတ်ပါ။ ချင်း (မြန်မာ)လူငယ်‌ေတွအစမှာအခက်အခဲကြုံရင်စိတ်ဓါတ်မကြဖို့‌ေပြာချင်တာဖြစ်တယ်။ ဒါကြောင့် Serampore ကနေကျောင်းပြီးရင် တခြား secular ကျောင်းဖက်မှာလည်းဆက်တက်လို့ရတယ် ကိုယ်ယူထားတဲ့ major ပေါ်မူတည်ပြီး။

ကျနောအကြံပေးချင်တာကတော့ Serampore University affiliated ကျောင်းအောက်ကကျောင်းမှာများများတက်‌စေချင်တယ်။ ဘာလို့လဲဆိုတော့ Serampore က academic ကိုဦးစားပေးတဲ့ကျောင်းဖြစ်သလို ဆရာ၊မများကလည် academic ဖက် qualified တဲ့ဆရာ၊မကစာသင်‌‌ေပးလို့ပါ။ ဒီလိုပြောလို့ တခြား ATA/NTA ကျောင်းကမကောင်းဘူးလို့မဆိုလိုဘူး။ ကျောင်းပြီးရင်ကိုယ်ကဘာဖြစ်ချင်လည်း ပါစတာလုပ်မှာလား အမှုတော်ဆောင်မှာလား မဟုတ်ရင် အပြင်ပညာရေးဖက်သွားမှာလာဆိုတာသိဖိုလို့တယ်။

မြန်မာပြည်အသင်း‌ေတာ်ကြီး အထူးသဖြစ် နှစ်ခြင်းအသင်းသူ၊ အသင်းသားဖြစ်ရင် Serampore ကျောင်းကိုတက်ဖို့အကြံလေးပေးချင်တယ်။ ဘာလို့လဲဆိုတော့‌မြန်မာပြည်နှစ်ခြင်း‌နှင့်တခြား‌ေသာအသင်း‌ေတာ်ကြီးက Serampore/ATEM/ATSEA ကျောင်းဆင်းမှပဲသူတို့‌အ‌သင်း‌ေတာ်မှာအမှု‌ေတာ်‌ေဆာင်ခွင့်နှင့်ပါစတာလုပ်ပိုင်ခွင့်ကိုလက်ခံလို့ပါ။

Free Church member တွေကတော့ သူတို့ကြိုက်တဲ့ကျောင်းတက်လို့ရတယ်။ ဒါ‌ေပမဲ့ (Private College/Mission School) မှာတက်ပြီး‌ေနာင်တချိန်အမှု‌ေတာ်‌ေဆာင်ချင်ရင် mainline church တွေကလက်ခံမှာမဟုတ်လို့ပါ။ Bible College ကျောင်းသေးသေးလေးတွေက ရန်ကုန် founder တွေလိုပဲ သူတို့ကျောင်းမှာ ဆရာ၊မခန့်လိုက်ရင် သူတို့နိုင်တဲ့ဆရာ၊မကိုပဲခန့်ကျတာများတယ်။ တချို့‌ေကျာင်း‌ေတွက ကျောင်းသူ၊သားလိုချင်လို့အမျိုးအးမျိုး လူငယ်‌ေတွပြောလာမယ်။ ဥပမာ ငါတို့ကျောင်း Accredited to NTA/ATA ဒါတွေအကုန်လုံးမမှန်ဘူးဆိုတာသတိထားဖို့လည်းလိုတယ်။

သူတို့က မြန်မာပြည်၊ရန်ကုန်က founder (mission) ကျောင်း‌‌ေသး‌ေသး‌ေလးလိုပဲ။ တော်တော်များများမှာလည်း စာကြည့်တိုက်မရှိ ကျောင်းသူ/သားတွေအတွက်ဆရာ၊မကပြင်ဆင်ထား‌တဲ့ notebook ကလေးတွေပဲရေးကျက်ခိုင်းကြတာများတယ်။ ဘာ Academic activities လည်း‌ေကျာင်းမှာမပြုလုပ်‌ေပးသလို တခြားပညာရေးနဲ့ပတ်တက်လာတဲ့ activities ကိုလည်းမရှိဘူး။

ဒါမျိုးပညာရေးကအခုခေတ်မှာသုံးစားလို့မရတော့ဘူးဆိုတာလူတိုင်းအသိပါ။ တချို့‌ကျမ်းစာကျောင်းဆိုရင် ကျောင်းပဲရှိတယ်။ ဘာ facilities မှမရှိဘူး။ သူတို့ကကျောင်းသားလူဦးရေးများတာကိုပဲလိုချင်တယ် ဒါကို sponsor ပေးတဲ့သူတွေဆီအလှူတောင်းလုပ်ကောင်းအောင်ပဲ။ တချို့ကကျမ်းစာ‌ေကျာင်းဆို‌ေတာ့ ကျမ်းစာ (biblical) စာတစ်ခုကိုပဲသင်‌ေပးတယ်တခြား ဘာသာ၊နိုင်ငံရေး၊လူမှုရေး မသင်ပေးဘူး။ ဒါကြောင့်သူတို့အရမ်းလည်းတယူတန်တယ်။ သူတို့ကကျမ်းစာကျောင်းဆိုတာ ဝိညာဉ်ရေးရာသင်တဲ့‌ေကျာင်းလို့ထင်တဲ့လူလည်းရှိ။ ဝိညာဉ်ရေးရာကသင်လို့မရဘူး ဒါကဘုရားနှင့်ကိုယ်နဲ့ပဲဆိုင်တယ် ကျမ်းစာကျောင်းဆိုတာက academic, soci-political issues နှင့် တခြား‌ေသာ theology (တခြားဘာသာအရေး)ကို‌ေလ့လာသင်ယူရတဲနေရာ၊ ပညာရေးကိုအဓိကထားတဲ့နေရာ (institution)ဖြစ်တယ်ဆိုတာသိဖို့လိုတယ်။

Theological ကျောင်းတက်ရင် Theological ကောင်းသိရှိလေ့လာရမယ် ပြီးတော့ Secular ကျောင်းတက်ရင် Secular အကြောင်းကောင်းလေ့လာရမယ်။

ဒါကြောင့် မြန်မာပြည် founder တွေကျောင်းကနေ ကျောင်းဆင်းတဲ့ကျောင်းသူ၊သားလူငယ်တွေကိုကြည့်ရင် အောင်မြင်တဲ့သူ၊ပညာတတ်ရာခိုင်နှုန်းအရမ်းနည်တယ် မရှိသဆလာက်ဖြစ်တယ်။ ဒါကလူငယ်တွေကို founder ကျောင်း‌တော်တော်များက လူငယ်‌ေတွကိုပညာတတ်အောင်မလုပ်ဆောင်သလိုအချိန်လည်းမပေးလို့ပါ။

Founder ကျောင်းတွေများသလောက် ကျောင်းမှာဘာ facilities မှမရှိသလို ကလေးတွေက town/state/ national နှင့် international အထိထိုးဖောက်နိုင်တဲ့ကျောင်းတစ်ကျောင်းမှမရှိဘူး။

ဒါကြောင့် Association (Church) အဖွဲ base ကျောင်း ဥပမာ CBC (ချင်း), KBC (ကချင်), KBC (ကရင်) နှင့် MBC တွေကပဲ state, national နှင့် international အထိထိုးဖောက်နိုင်တယ်။ မြန်မာနှစ်ခြင်းအဖွဲ့အစည်းကျောင်းတွေက ATEM/ATSEA/Serampore University မှကျောင်းပြီးတွေကိုပဲလက်ခံတယ်။ ဒါကြောင့်တချို့က India မှာ private ကျောင်း (Mission School, College, NTA/ATA) ကနေကျောင်းဆင်းရင်တောင် မြန်မာနှစ်ခြင်းအဖွဲ့ထဲမှာ အမှုတော်ဆောင်ဖိုနဲ့ပါစတာလုပ်ဖိုလက်မခံဘူး။

ဒါကြောင့်ငွေရေးကြေးရေးတတ်နိုင်တဲ့သူတွေက Accredited/affiliate ကောင်းတဲ့ကျောင်း နှင့် academic ကိုဦးစားပေး‌ေကျာင်းတက်‌ဖို့အကြံပေးချင်တယ်။ ကျမ်းစားကျောင်းတက်ဒါက ပါစတာဖြစ်ဖို့နှင့်အမှု‌တော်ဆောင်ဖို့တက်တာမဟုတ်ဘူး ခေတ်မကောင်းလို့ တနည်းအားဖြစ် ပညာရှာ၊တတ်ဖြစ်ချင်လို့တက်ရခြင်းသာဖြစ်တယ်။ ဒါကိုနားလည်ဖို့လည်းလိုတယ်ကျောင်းပြီးရင်လိုအပ်တဲ့နေရာမှာကိုယ့်ပညာရေးကို‌ပြန်လည်အ‌ေကာင်ထည်‌ေဖာ်နိုင်ဖို့နဲ့လိုအပ်တဲ့‌ေနရာမှာအသုံးချတတ်ဖို့ပဲလိုတယ်။

နောက်ဆုံးရသတင်းများ

ငဖဲမြို့နယ်မှာ ချင်းအမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

မတ်လ ၇ရက်၊ ၂၀၂၅ ခုနှစ် Zalen မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စပ်စီကျေးရွာမှ ချင်းအမျိုးသမီးနှစ်ဦးကို ဒီနေ့ မတ်လ ၇ ရက်နေ့၊ ညနေ ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ...

ဆက်ဖတ်ရန်