အိန္ဒိယ နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အပါအဝင် လိင်ပိုင်းဆိုင်ရာ ကျူးလွန်သူများကို ထိရောက်စွာအပြစ်ပေး ရန် အမျိုးသမီးအဖွဲ့အစည်း များတောင်းဆို

၂၄၊ ဇွန်လ၊ ၂၀၂၄
Zalen

အမျိုးသားညီညွတ်ရေးအစိုးရ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ အိန္ဒိယ သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် အပါအဝင် အလားတူ လိင်အကြမ်းဖက်မှုကျူးလွန်သူများကို ပွင့်လင်းမြင်သာမှုရှိစွာ ထိရောက်တဲ့အပြစ် ပေး ဖို့ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံ နဲ့ ချင်းအမျိုးသမီးအဖွဲ့အစည်းများက တောင်းဆိုထားပါတယ်။

NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံကိုယ်စားလှယ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အတွင်းရေးမှူးကို ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုင်ဇက်ခင် က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုအကြိမ်ကြိမ် ကျူးလွန်ခဲ့ရာ ကျူးလွန်ခံရသူ က သက်ဆိုင်ရာကို အကြိမ်ကြိမ်အကြောင်းကြား တိုင်ကြားပေမယ့် ကျူးလွန်သူကို အပြစ်မပေးတဲ့အပြင် ကျူးလွန်ခံရသူအပါအဝင် တစ်ခြားဝန်ထမ်းတစ်ဦးတို့ တာဝန်မှရပ်နားခြင်းခံ ခဲ့ကြတဲ့ အပေါ် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

အလားတူ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ NLD ပါတီမြို့နယ်အလုပ်အမှုဆောင်၊ အတွင်းရေးမှူးဖြစ်တဲ့ ဦးအောင်မင်းက ၂၀၂၃ ခုနှစ်အတွင်းမှာ CDM ကျောင်းဆရာမ ရဲ့သမီး၊ ၅ နှစ်အရွယ်အမျိုးသမီးငယ်လေးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊မုဒိန်းမှု ကျူးလွန်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားခဲ့ ပေမယ့် ကျူးလွန်သူဟာ အပြစ်ပေးချင်းမခံရဘဲ ကင်းလွတ်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အုပ်ချုပ်တဲ့နေရာတွေမှာ ကျားမအခြေပြု အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို အပြစ်ပေး အရေးယူရန် ပျက်ကွက်ပြီး ကျူးလွန်သူများဟာ ပြစ်ဒဏ်ပေးခြင်းမှ ကင်းလွတ်နေကြကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ဝန်ကြီးဌာနရဲ့ တာဝန်ရှိပုဂ္ဂိုလ်များမှ ပြစ်မှုကျူးလွန်သူများကို အရေးယူ ဆောင်ရွက်ခြင်း ပျက်ကွက်တဲ့အပြင် ကျူးလွန်ခံရသူအပေါ် ပြစ်ဒဏ်ကျူးလွန်သူနဲ့ အကျိုးတိုလိုလားသူများရဲ့ ဖိအားပေး ခြိမ်းခြောက် မှုများဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ် ကျူးလွန်နေသူများကို ပြစ်ဒဏ်မှကင်း လွတ်ခွင့် ပေးနေခြင်း အလေ့အထ ဖြစ်ပြီး ဒါကိုအလေးထား တိုက်ဖျက်ရမယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် မိမိရဲ့ အတွင်းရေးမှူးအပေါ်လိင်ပိုင်းဆိုရာ အကြမ်းဖက်မှုကျူးလွန်ခဲ့တဲ့ အိန္ဒိယ သမ္မတနိုင်ငံဆိုရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်အပါအဝင် အလားတူပြစ်မှုကျူးလွန်သူများကို ထိရောက်စွာအပြစ်ပေး အရေးယူရန်နဲ့ ကျူးလွန်ခံရသူများအတွက် အမှတ်တရား၊ တရားမျှတမှု အမြန်ဖော်ဆောင်ပေးရန်၊ NUG အစိုးရ အနေနဲ့ နစ်နာသူများအား လိုအပ်တဲ့ ကာကွယ်ပေးမှုများပေးအပ်ရန်၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက် ပေးရန်၊ နစ်နာသူအတွက် တရားမျှတမှုအလှမ်းဝေးစေနိုင်သော လူမှုရေး၊ ဘာသာရေးနဲ့ ဓလေ့ ထုံးတမ်းအရ ညှိနှိုင်းဆောင်ရွက်မှုများကို လုံးဝမပြုလုပ်ရန် နဲ့ အရေးယူဆောင်ရွက်မှု ပြုလုပ်ပြီးကြောင်းကို တရားဝင်ရုံးစာဖြင့် ထုတ်ပြန် အသိပေးရန် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

ကန်ပက်လက်မြို့နယ်မှာ လူ ၁၅၀ ကျော် ရာသီတုပ်ကွေးဖြစ်

ဇွန်လ ၂၉ ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတွေမှာ ရာသီတုပ်ကွေးဖြစ်လို့ လူ ၁၅၀ ကျော် ဖျားနာနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ ကျေးရွာတွေဟာ မကြားကျေးရွာ၊ ခေးလောင်းကျေးရွာ၊ မရွှီကျေးရွာနဲ့ ...

ဆက်ဖတ်ရန်