အိန္ဒိယ-မြန်မာနယ်စပ် ရထားလမ်းတိုးချဲ့ရန် မီဇိုရမ်အမတ် ဘတ်ဂျက်တောင်းဆို

ဇန်နဝါရီ ၃၁၊ ၂၀၂၆

Zalen

Zalen ad

အိန္ဒိယ-မြန်မာနယ်စပ်အထိ ဆက်သွယ်မည့် ရထားလမ်းသစ်ဖောက်လုပ်ရေးအတွက် လာမည့် ၂၀၂၆-၂၇ ဘတ်ဂျက်နှစ်တွင် ရန်ပုံငွေခွဲဝေချထားပေးရန် မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် K Vanlalvena က ဗဟိုအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ကျင်းပတဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်တွေ အစည်းအဝေးမှာ မီဇိုရမ်ပြည်နယ် အထက်လွှတ်တော် အမတ်ဖြစ်တဲ့ K Vanlalvena က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ အိုက်ဇောလ်မြို့အနီးရှိ ဆိုင်ရန်း (Sairang) ဘူတာမှ မီဇိုရမ်တောင်ဘက်စွန်းရှိ မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်လုပ်ရန်ဖြစ်ပြီး ရထားစီမံကိန်းအတွက် အကြိုမြေတိုင်းတာမှုတွေမှာ ပြီးစီးနေပြီဖြစ်ပါတယ်။

အဲဒီရထားလမ်းဟာ အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအတွက် အရေးကြီးပြီး အရှေ့တောင်အာရှနိုင်ငံများနဲ့ ကုန်သွယ်ရေးကို ပိုမိုခိုင်မာစေမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ်တွင် ဝန်ကြီးချုပ် မိုဒီ ဖွင့်လှစ်ပေးခဲ့တဲ့ Sairang ဘူတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုများပြားလာသဖြင့် Aizawl-Sairang လမ်းမကြီးကို လမ်းလေးခွအဖြစ် ချဲ့ထွင်ပေးရန် တောင်းဆိုထားပါသေးတယ်။

မီဇိုရမ်ပြည်နယ်ရဲ့ အဓိကလမ်းကြောင်းဖြစ်သော Bairabi – Sairang ရထားလမ်းပိုင်းဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်ကာ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်မှုတွေ ပုံမှန်လည်ပတ်နေပြီဖြစ်ပါတယ်။

ယခုအခါ အဆိုပါကွန်ရက်ကို မြန်မာနယ်စပ်အထိ တိုးချဲ့ခြင်းဖြင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသစ်တရပ်ကို ဖွင့်လှစ်ရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။

ကိုးကား-Times of India

သတင်း-ဆလိုင်း

ဓာတ်ပုံ- Times of India

#အိန္ဒိယ#မြန်မာ#နယ်စပ် #ရထားလမ်း#တိုးချဲ့#Zalen

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့အနီးမှာ စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေ

ဇန်နဝါရီ ၃၁ ၊၂၀၂၆Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ပြည်လည်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်များအကြား ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်းကစလို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ...

ဆက်ဖတ်ရန်